တစ်ဦးဆိုင် ရပ်ဝန်း
Unicode
" လက်တွေ နာမယ် တော်တော့ လွန်း မောင်တို့ အိမ်ပြန်ကြမယ် နော် "
ပေစောင်းစောင်း ကြည့်လာသော လွန်းကို Iris ပြုံးပြလိုက်သည်။
" မင်းကို ကျေနပ်သေးတာ မဟုတ်ဘူး နော် လမြတ်ဝါဆို "
" အာ့ လွန်း နာတယ် "
လွန်း လျှောကြနေတဲ့ မျက်မှန်ကို သေချာပြန်တပ်လိုက်ပြီး ဘေးက ကောင်ရဲ့ ဆံပင်မွှေးကို ဆောင့်ဆွဲ ပြစ်လိုက်သည်။ အရပ်က မိုးထိအောင် ရှည်နေပြီး အသားအရေ ရော Fashion Style ရောက လမြတ်ဝါဆို ရဲ့ ရူပါကို ပိုပြီး အထောက်အပံ့ဖြစ်နေစေသည်။
" ခရမ်းရောင် အမွှေးတွေနဲ့ ကိုယ့်ကိုကိုယ် သိပ်ကြည့်ကောင်းနေတယ် ထင်နေတာလား လမြတ်ဝါဆို အမဲ ပြန်ဆိုး မင်းစောက်ခွက်နဲ့ မလိုက်ဘူး ဒီခရမ်းရောင်နဲ့က "
Iris ဒီအရောင်လေးကို ကြိုက်လွန်း၍ အရင်လကမှ ဆိုးထားတာကို လွန်းက မလိုက်ဘူးဆိုလည်း အမဲပဲ ပြန်ဆိုးရမှာပေါ့။
" ဟုတ်ပြီ မောင် အနက်ရောင် ပြန်ဆိုးထားမယ် မနက်ဖြန် "
" ဆံပင်ကို တိုကပ်နေအောင်ပါ ညှပ်ထား အရှည်ကြီး မကြိုက်ဘူး ပူကပူနဲ့ ကြားလား လမြတ်ဝါဆို "
France မှာက ရာသီဥတုမျှတတာမို့ အရှည်ထားတာ ဖြစ်ကြောင်း ကိုတော့ Iris လွန်း အား မပြောလိုက်တော့ပေ။ လွန်းသာ ကျေနပ်မယ်ဆိုရင် ကတုံး တုံးဆိုရင်တောင် သူ တုံးမှာ။
" ဟုတ်ကဲ့ လွန်း မောင် အနက်ရောင်လည်း ပြန်ဆိုးထားမယ် ဆံပင်လည်း ညှပ်ထားမယ်နော် "
" ကုန်းပိုး "
" ဟမ် "
" ကုန်းပိုးလို့ ပြောတာ ဘာလဲ မပိုးချင်ဘူးလား မပိုးချင်ရင်လည်း "
Iris ချက်ချင်း ပင် လွန်း ရှေ၌ ကုန်းပိုးဖို့ အနေအထား ဖြစ်တဲ့အထိ ထိုင်ချပေးလိုက်သည်။
" တက် မင်းကို မောင်က သွားလေရာ မောင့်ရင်ခွင်ထဲမှာ သားပိုက်ကောင်လေးတွေလို ထည့်သွားချင်တာပါ လွန်း "
လက်မောင်းက ပတ်တီး ဖြူဖြူ ကို မြင်တော့မှ လွန်း ကုန်းပိုးခိုင်းတာ မှားသွားပြီမှန်း သိလိုက်ရတယ်။

BINABASA MO ANG
တစ်ဦးဆိုင် ရပ်ဝန်း
RomanceThe entire story line and character names are just the imagination of the author.