အပိုင်း(၁၉)

43.5K 3.5K 110
                                    

တစ်ဦးဆိုင်   ရပ်ဝန်း

Unicode

မျက်နှာအနှံကို ထိုး​ကြလာတဲ့ နေရောင်
ကြောင့် လွန်း အိပ်ရာထ နောက်ကြပြီ မှန်း သိလိုက်ပြီ။

"  ရှစ်နာရီတောင်  ခွဲနေပြီ "

အိပ်ရာပေါ်က အမြန်ဆင်းပြီး ရေကို ခပ်သွက်သွက် ပြေးချိုးရသည်။

" သေစမ်း လွန်းလရိပ်ဝေး အင်္ကျီ တွေလည်း ပါမလာဘူး "

ရေချိုး ခန်းထဲက Bathrobe ဝတ်ပြီးသာ ထွက်လာကာ လမြတ်ဝါဆို အင်္ကျီတွေ ထဲ လွန်းနဲ့ တော်တဲ့ အင်္ကျီ လေးများ ရှိမလားဆိုပြီး ရှာကြည့်လိုက်သည်။

အကုန်လုံး က ရှပ်အင်္ကျီ လက်ရှည်တွေနဲ့ Cropped Pant တွေများသာတွေ့ရသည်။

"    လမြတ်ဝါဆို ခဏလောက် လာခဲ့ပါဦး အခန်းထဲကို "

Iris  Laptop သုံးနေတုန်း လွန်း အသံကြောင့် အခန်းထဲ မြန်မြန် ဝင်သွားလိုက်သည်။

"မောင့်ကိုခေါ်တာ  ဘာပြောဖို့လဲ လွန်းရဲ့ ရေချိုးပြီးတာလား ပြောင်အောင် လည်း မသုတ်ဘူး "

" အင်္ကျီ ပေးပါဦး ငါနဲ့ တော်တာလေး မြန်မြန် နောက်ကြတော့မယ် လို့ အမာရွတ် ကလေးရဲ့ "

အမာရွတ် ကလေး ဟု ခေါ်လာသူ ကြောင့် Iris ခပ်ပြုံးပြုံး ဖြစ်သွားရသည်။

လွန်းအတွက် သီးသန့်ဝယ်ပေးထားတဲ့ Polar Shirt မီးခိုးရောင် လက်တိုနဲ့ Cropped Pant မီးခိုးရောင် အထုပ်ကို Iris  Luggage ထဲမှ ထုတ်ပေးလိုက်သည်။

" နောက်မကြဘူး မိနစ်နှစ်ဆယ်လိုသေးတယ် ဖြေးဖြေးလုပ် ပြီးရင် Breakfast စားရမယ် မောင်ပြင်ပြီးပြီ "

သူ့ကို ကြောင်ကြည့်နေသော လွန်းကြောင့် Iris လွန်း ပါးနှစ်ဖက်လုံးကို နီရဲသွားတဲ့အထိ ကိုက်ဆွဲပစ်လိုက်သည်။

" အာ့   နာတယ်ကွ မင်းမေလင်ပဲ လမြတ်ဝါဆို "

ခေါင်းကို ပိတ်ခေါက်လိုက်ချင်ပေမယ့် အမာရွတ်ကလေး  နာသွားမှာစိုး၍ လွန်း ပါးစပ်ကနေပဲ ဆဲပြီး လက်ခလယ်တစ်ချောင်းသာ ထောင်ပြလိုက်သည်။

" ချစ်လို့လေ မောင်ကချစ်လို့ ဟော့ဒီက
မောင့်အသည်းနှလုံးလေးကို အဝတ်ဝတ်တော့ ဖျားမယ် မောင်အပြင်မှာ စောင့်နေမယ် "

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now