တစ်ဦးဆိုင် ရပ်ဝန်း
Unicode
" လွန်း မောင်ပြန်လာ "
" ကိုကို ဟင့် "
ပျိုလေးကိုကို့ကို မြင်မြင်ချင်း လွမ်းခဲ့ရသမျှ အတိုးချဖက်မိသည်။
" လွှတ်ဦး လှပျိုဖြူ "
ရင်ခွင်ထဲ အတင်းတိုးဝင်နေသည့် လှပျိူဖြူကြောင့် လွန်းများ စိတ်ကွက်သွားမလားလို့ Iris လွန်းကိုကြည့်လိုက်သော်လည်း လွန်းက ဘာမှမဖြစ်သည့်အပြင် ဖုန်းတောင်ကြည့်နေလိုက်သေးသည် ။
" ကိုကို ပျိူလေး ပါးကိုကြည့်ပါဦး အဲ့အရိုင်းစိုင်းကောင် နှစ်ချက်တောင် ရိုက်ထားတာ "
" လှ ပျိူ ဖြူ "
တွန်းထုတ်ခံလိုက်ရသောကြောင့် ပျိုလေး ဆိုဖာပေါ် ပုံလျက်သား ကြသွားရသည် ။
" ကိုကို ပျိုလေးကို ဘာလို့ တွန်းထုတ်တာလဲ "
" လွန်းကို အရိုင်းစိုင်း ကောင်လို့ လာမခေါ်နဲ့ လှပျိုဖြူ ပြောပါဦး ဘာကိစ္စနဲ့ ငါ့ Company ကို လာတာလဲ "
Iris လွန်းဘေးနားသွားထိုင်ပြီး လွန်းလက်ထဲက ဖုန်းကို ဆွဲလုလိုက်သည်။
" ဖုန်းမကြည့်နဲ့တော့ နို့နဲ့သစ်သီးခြောက်စားမယ်ဆို မောင် ဝယ်လာပြီ လွန်း ဒီဘက်လှည့်စမ်း "
လွန်း မောင့်ကို မျက်နှာချင်းတောင် မဆိုင်ပဲ ဆန့်ကျင်ဘက်ကို လှည့်နေလိုက်သည်။
" လွန်း မောင့်ကိုကြည့်လို့ အာ့ "
Iris လွန်း မျက်နှာလေးကို ဆွဲယူကြည့်လိုက်တော့ ပါးပြင်နုနုမှာ လက်ဖဝါးရာက အထင်းသား ။
" လွန်း ဒီဘက်လှည့်စမ်း လွန်း မောင်ပြောနေတယ်လေကွာ ဘယ်သူလဲ လှပျိုဖြူ လား ဟုတ်လား လို့ လွန်းလရိပ်ဝေး "
မောင်ကနာ မည်အပြည့်အစုံကို ခေါ်ကာ အော်လာသည်မို့ လွန်း မရှိမဲ့ ရှိမဲ့ မျက်ရည်တွေကို ညှစ်ထုတ်ပြစ်ကာ မောင့်ရင်ခွင်ထဲမှီလိုက်သည်။
"လွန်းကို မအော်ပါနဲ့ မောင်ရဲ့ သူကလွန်းကို လွန်းလရိပ်ဝေး ဆိုတာ နင်လားဆိုပြီး သပ်သပ်မဲ့ လာရိုက်တာရယ် ။ အဲ့ဒါနဲ့ လွန်းလည်း ပြန်ရိုက်လိုက်တာ ။ အခု ပါးနာနေတယ် မောင် ပါးစပ်ကလည်း ကျယ်ကျယ်ဟလို့တောင်မရဘူး ။ ဗိုက်ကလည်း ဆာနေတာရယ် မောင်ကလည်း ပြန်ရောက်ရောက်ချင်း လွန်းကို တန်းအော်တော့တာပဲ အဲ့မုန့်တွေလည်း မစားတော့ဘူး လွှတ်ပြစ်လိုက်တော့မောင် "

YOU ARE READING
တစ်ဦးဆိုင် ရပ်ဝန်း
RomanceThe entire story line and character names are just the imagination of the author.