တစ်ဦးဆိုင် ရပ်ဝန်း
Unicode
မျက်လုံး မှိတ်ထားသော်ငြား သူနဲ့လွန်း ရဲ့ ငယ်ဘဝက ပုံရိပ်များကို ပြန် မြင်ယောင်နေသည်။
သူ့အတွက်ဆို လွန်းက အမြဲတမ်း ဂရုစိုက် ပေးခဲ့တာ ။
ဘယ်သူ နဲ့ပဲ ယှဥ်ယှဥ် လွန်းက သူ့ကို ဦးစားပေးခဲ့တာ။
သူကဘယ်သူ့အတွက်မှ အရေးမပါပေမယ့် လွန်းဆီမှာ တော့ သူက အရေးကြီး လူသားဖြစ်ခဲ့တာ။
" မောင့်ပူတင်းလေး ဆီကို မောင်ပြန်လာပြီ "
လေယာဥ် ဆင်းဖို့ သုံးနာရီ မျှလိုသေး၍ Iris တစ်မှေး မှေးဖို့ ကြံလိုက်သည်။
Iris ဆိုသည့် နာမည်က သူ France Name ဖြစ်ပြီး Cindy ကကြ မီးငယ် နာမည်ဖြစ်သည်။
Classical Shirt အဖြူရောင် ကို ကြယ်သီးသုံးလုံးဖြုတ်ဝတ်ထားပြီး ခြေဖနောင့်အပေါ်ထိရှည်သော cropped pant အညိုရောင်နဲ့ တွဲဝတ်ထားသောကြောင့် Mr.Iris ၏ သွင်ပြင်က လေယာဥ် တစ်စီးလုံးရှိခရီးသည်တွေထဲတွင် အထင်ရှားဆုံးဖြစ်နေသည်။
အထူးသဖြင့် ခြောက်ပေ နှစ်လက်မရှိသော အရပ် တစ်ခေါင်းလုံးကို ခရမ်းရောင် ဆိုးထားပြီး ဂုတ်ထိရှည်နေသော ဆံပင်များ။
နားထင်နောက်က တက်တူး လက်သွယ်သွယ်မှာ ပတ်ထားတဲ့ Rolex နာရီ။ငယ်ငယ်ကလို အသားညိုညို ကောင်လေးမဟုတ်တော့ပဲ ဖြူစွတ်နေသော အသားရည်ပိုင်ရှင် ဖြစ်နေပြီ။
" မင်္ဂလာပါ ရှင် လေယာဥ် ဆိုက်တော့မည်ဖြစ်ကြောင်းနဲ့ ခရီးသည်များရဲ့ luggage များ suitcase များကို သေချာဂရုတစိုက် ယူဆောင်ရန် လေးစားစွာ အသိပေးအပ်ပါသည် ရှင် အားလုံးကိုကျေးဇူးတင်ပါတယ် ရှင် "
လေယာဥ်မယ်၏ အသိပေးချက်ကြောင့် Iris
ဆံပင်ကို လက်နဲ့သပ်ချကာ အင်္ကျီ ကို ပြန်ပြင်လိုက်သည်။လွန်းတာဝန် ကြတဲ့ Genius Hospital နားမှာပဲ တိုက်ခန်း ဝယ်ထားတာမို့ သူ့အတွက်က အဆင်ပြေသည်။
Luggage တစ်လုံးနဲ့ Laptop အိတ်တစ်လုံး စုစုပေါင်း နှစ်လုံးသာပါလာသည်မို့ Iris ပစ္စည်းယူပြီး ခပ်သွက်သွက် ထွက်လာလိုက်သည်။

YOU ARE READING
တစ်ဦးဆိုင် ရပ်ဝန်း
RomanceThe entire story line and character names are just the imagination of the author.