အပိုင်း(၂၉)

41.6K 3.2K 337
                                    

တစ်ဦးဆိုင်    ရပ်ဝန်း

Unicode

တဆစ်ဆစ်နဲ့ ကိုက်နေသော ခေါင်းကြောင့် လွန်း မျက်လုံးအစုံကို အားယူပြီး ဖွင့်ကြည့်လိုက်သည်။

ဆေးရုံ၏ မျက်နှာကြက် ဖြူဖြူကိုသာ အရင်မြင်လိုက်ရပြီး ဘေးကို နည်းနည်း စောင်း
ကြည့်တော့ မောင်က လွန်းလက်လေးကို ကိုင်ပြီး ကုတင်ပေါ် ခေါင်းစိုက်ကာ အိပ်နေလေသည်။

မောင် ဆုပ်ကိုင်ထားတဲ့ လွန်းလက်တွေကို လွန်း ပြန်ဆွဲထုတ်လိုက်တော့

" သတိရပြီလား လွန်း "

ဆုပ်ကိုင်ထားသော လက်လေးက ရုန်းစပြုလာ၍ Iris လွန်းကို ကြည့်လိုက်တယ် ။

" အင်း "

မပီမသ အင်းဆိုသော အသံက လွန်း လည်ချောင်းထဲမှ ခပ်အက်အက် ထွက်လာတယ်။

" နေဦး မောင် ရေသောက်ဖို့ လုပ်ပေးမယ် "

ဂွမ်းစလေးကို ရေစွတ်ပြီး Iris လွန်းရဲ့ နှုတ်ခမ်းနား အသာအယာ စွတ်ပေးလိုက်သည်။

မျက်ကွင်းတွေ ညိုကာ အင်္ကျီ ဂျိုင်းပြတ်နဲ့ မောင့်ကြောင့် လွန်းလရိပ်ဝေး လက်သီးကို ခပ်တင်းတင်း ဆုပ်မိသည် ။

" ဒီ ကို လာ မောင် "

ကုတင်ဘေးနား ဝင်အိပ်ဖို့ လွန်း မောင့်ကို အချက် ပြလိုက်သည်။

" လွန်း အိပ်ပါ မောင်က ဘာမှမဖြစ်ဖူး သက်သာလား ဘယ်နေရာ နာနေသေးလဲ လွန်း ခေါင်းတွေရော ကိုက်နေသေးလား အဖျားက အရှင်းတော့ မပျောက်သေးဘူး လွန်း "

" မောင့်ရင်ခွင်ထဲပဲ ဝင်ချင်တာ "

လွန်း စကားကြောင့် Iris ကုတင်ပေါ် ဝင်လှဲလိုက်ပြီး လွန်းကိုယ်လေးကို ဖက်ထားလိုက်သည်။

" မောင် စိတ်ပူသွားတာ မောင့်အချစ်ရဲ့ "

လွန်း မောင့်ပါးပြင်ကို အားယူပြီး တစ်ချက်လှမ်းနမ်းပြစ်လိုက်တယ် ။

" သက် သာ တယ် မောင် ။ မောင် ​ရော ခြေထောက်တွေ နာနေသေးလား "

" မနာပါဘူး မောင်က ဘာမှမဖြစ်ဖူး မင်းကိုပဲ မောင်စိတ်ပူသွားတာ ။ နောက်တစ်ခါ ရေချိုးခန်းထဲ မောင်ကိုယ်တိုင် လိုက်စောင့်မယ် ဒါမှ လွန်း အကြာကြီး မချိုးမှာ "

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now