အပိုင်း(၁၂)

39.9K 3.6K 200
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

" မိုင်းကိုင်ဆိုတဲ့ ရှမ်းပြည်နယ်က မြို့လေး တစ်မြို့မှာ ကွမ်းတောင်ကိုင်မလေး နန်းဦးပြင်ဆိုတာ ရှိတယ် ကွမ်းတောင်ကိုင် ဆိုတဲ့အတိုင်း နန်းဦးပြင်လေးက တအားကိုချောတယ် လွန်းရဲ့ "

" အင်း လမြတ်ဝါဆို ဆက်ပြော ငါငြိမ်ငြိမ်လေးပဲ နားထောင်နေမယ် "

လွန်းပုံစံက ဒီပုံပြင်ထဲ တစ်ကယ်ကြီး ကိုပျော်ဝင်နေတာမို့ လမြတ်ဝါဆို ဆက်ပြောဖို့ပြင်လိုက်သည်။

" နန်းဦးပြင်လေးက တအားချောတော့ တခြား မြို့တွေရွာတွေအထိ သတင်းကမွှေးတာပေါ့ လွန်းရာ   အဲ့အချိန်မှာပဲ ကျိုင်းတောင်းဆိုတဲ့ မြို့လေးကနေ ခွန်ဆန်လောဆိုတဲ့ လူငယ်လေးကလည်း မိုင်းကိုင်ကို လာပြီး နန်းဦးပြင်လေးကို   လူငယ်သဘာဝအရ ချစ်ကြိုက်မိသွားပြီး ပိုးပန်းတော့တာပေါ့ ။

နန်းဦးပြင်လေးကလည်း ခွန်ဆန်လောကို ပြန်ပြီး ချစ်မိသွားတယ် လွန်းရဲ့ အဲ့ဒါနဲ့ သူတို့နှစ်ယောက် အိမ်ထောင်ပြုဖြစ်သွားကြတယ် အိမ်ထောင်ပြုတော့ သျှောင်နောက်ဆံထုံးပါဆိုတဲ့ စကားပုံအတိုင်း နန်းဦးပြင်လေးက ခွန်ဆန်လော ရှိတဲ့ အရပ်ကို လိုက်ပြီးနေရတယ် ။

ခွန်ဆန်လောက နန်းဦးပြင်လေးကို
ချစ်ပေမယ့် ခွန်ဆန်လောရဲ့ အမေကတော့
နန်းဦးပြင်လေးကို သဘောမကြရှာဘူး နန်းဦးပြင်လေးနဲ့ သဘောမတူဘူးပေါ့ လွန်းရာ ဒါပေမယ့်လည်း သားခေါ်လာတဲ့ ချွေးမဆိုတော့ မတတ်သာပဲ အိမ်မှာပေးနေရတာပေါ့ ခွန်ဆန်လော အမေက သူ့သားကို နန်းဦးပြင်လေး ထက်သာတဲ့ မိန်းကလေးနဲ့သဘောတူချင်တာလေ ။

အဲ့မိန်းမကြီးက သူ့သားရှေ့မှာ နန်းဦးပြင်လေးကို ဘာမှမလုပ်ပေမယ့် ခွန်ဆန်လော ကုန်ရောင်း ကုန်ဝယ် လုပ်ဖို့ထွက်သွားတဲ့အချိန်​တွေ ​မှာ နန်းဦးပြင်လေး ကို နည်းမျိုးစုံသုံးပြီး နှိပ်စက်တာ လွန်းရဲ့ ။

နန်းဦးပြင်လေးကလည်း သူ့ယောက္ခမကို သည်းခံပြီးနေရှာတယ် လတွေကြာလာတော့ သဘာဝအတိုင်း ပဲ နန်းဦးပြင်လေးမှာကိုယ်ဝန် ရှိလာတယ် ။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now