ဇာတ်သိမ်းပိုင်း

92.3K 4.4K 353
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

" အိမ်ပြန်မယ်လို့ မောင် မနေချင်တော့ဘူး "

Iris လက်ကနေ ဆွဲလိုက်ပြီး လွန်းကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

" မပြောမဆိုနဲ့ ပျောက်သွားတာ မောင်ဘယ်လောက် စိတ်ပူရမလဲ မသိဘူးလား
မောင့်အချစ်ရယ် "

ဘယ်လောက်စိတ်ပူသွားရလဲ Iris ကိုယ့်ကိုကိုယ် သာ အသိဆုံးပင် ။

" လွန်းက မုန့်စားချင်လို့ မောင်က ဝယ်ကျွေးမှာ မဟုတ်ဘူးလေ စိတ်မဆိုးနဲ့ နော် လွန်းမှားတာပါ "

လွန်းလရိပ်ဝေး မောင့်ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး မောင့်ရင်ဘတ်ကို မျက်နှာကပ်ကာ ပြောလိုက်တယ် ။

" လွန်း စားချင်ရင် မောင်က နည်းနည်းဖြစ်ဖြစ် ကျွေးမှာပေါ့ လွန်းရဲ့ အခုကြတော့ မောင် စိတ်ပူသွားတာ "

" ဒီတစ်ခါနောက်ဆုံးပါ နော် မောင် ပြီးတော့ လွန်း ဗိုက်လည်း အောင့်တယ် အန်လည်း အန်ချင်တယ် မောင် "

ကြွပ်ကြွပ်အိတ် လည်း ပါမလာသောကြောင့် Iris မှာ ဘာနဲ့ခံပေးလို့ ခံပေးရမှန်းမသိ ။

" လမ်းဘေးမှာ ထိုင် အန်လိုက်မယ် မောင် လွန်း မရတော့ဘူး "

" နေဦး နေဦး လမ်းဘေးမှာထိုင်အန်ရင် ပါးစပ်ထဲ ခြင်ဝင်လိမ့်မယ် ခဏ ဒီမှာပဲ အန်ချလိုက် "

ဝတ်ထားသည့် အင်္ကျီ ကို ချွတ်လိုက်ကာ Iris လွန်း အန်လို့ရအောင် ခံပေးထားလိုက်တယ်။

ဖြူဖွေးစွတ်နေသော အသားအရေ ကြောင့် လွန်းလရိပ်ဝေး မျက်နှာမလွှဲမိ။

" ငေးမနေနဲ့ အန်ချလိုက် လွန်း လမ်းဘေးမှာတော့ ထိုင်မအန်ရဘူး အိမ်ပြန်ရောက်ရင် မောင် မဟာဖြေဆေး တိုက်မယ်နော် "

" အင်း "

" အေ့စ် အော့ အဟွတ် အော့ "

" ဖြေးဖြေး လွန်း မောနေလား ရေပေးမယ် ခဏ "

" အော့ အဟွတ် အော့ "

" မောင်မှားတာ မောင်မှားတာ မောင်သာ ဝယ်ကျွေးလိုက်ရင် လွန်း ဒီလိုဖြစ်မှာ မဟုတ်ဘူး "

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now