တစ်ဦးဆိုင် ရပ်ဝန်း
Unicode
အခန်းတစ်
1. မိမိကောင်လေးအား ချစ်စရာ ကောင်းအောင် ဖြားယောင်းပါ ။
" ဖြားယောင်းမယ့်အစား ပွဲစျေးထဲ ဖာပဲသွားရောင်းလိုက်ချင်တယ် "
ပထမတစ်ချက်မှာမှာတင် လွန်းလရိပ်ဝေး သေချင်စော်နံနေပြီ ။
2. တစ်ခုခု ဆိုတာနဲ့ မိမိ ကောင်လေးကို အရင်ဆုံးသတိရပါ ။ ( ဥပမာ။ ပစ္စည်းအလေးသယ်တာဘာညာမျိုးဆို ပင်ပန်းတဲ့ပုံစံပြပြီး ကောင်လေးအား ချွဲနွှဲ့ကာ သယ်ခိုင်းပါ)
" ဘာလဲ ငါ့ဘာသာငါ သယ်လည်း ရတာပဲ ဟာကို ရှုပ်လိုက်တာ "
ခေါင်းကို တစ်ချက်နှစ်ချက် ကုတ်ကာ လွန်း နံပါတ်သုံးအချက်ကို ဆက်ဖတ်လိုက်သည်။
3. မိမိကောင်လေးအား နာမ်စားတစ်ခုခုသုံးပြီး ချစ်စရာကောင်းအောင် ခေါ်ပါ မိမိကိုယ်တိုင်ကလည်း ချစ်စရာနာမ်စားလေးကို သုံးတတ်ပါစေ ။
" ဒါတော့ ငါရတယ် လမြတ်ဝါဆို ကို မောင်လို့ ခေါ်ပြီး ငါ့ကိုယ်ငါ လွန်းလို့ သုံးတာပဲ ချစ်စရာကောင်းပါတယ် ။ ဒါမှမဟုတ်
လမြတ်ဝါဆို ကို ကိုကိုလို့ခေါ်ပြီး ငါ့ကိုယ့်ငါ ပူတင်းလေးလို့ သုံးရမလား "လွန်း အခန်းထဲ ပြန်ဝင်ပြီး မှန်ရှေ့ချက်ချင်းသွားရပ်ကာ အစမ်းလေ့ကျင့်ကြည့်လိုက်သည်။
" ကိုကို ပူတင်းလေးကလေ ကိုကို့ ကို အများကြီး ချစ်တာကိုနော် ပူတင်းလေးကို သူတို့ကမယုံကြဘူး ဟွန့် "
မျက်စောင်းထိုးကာ လက်လေးနှစ်ဖက်ကို နောက်ပစ်ပြီး လွန်း ဟွန့်ကနဲ လုပ်ကာ ပြောကြည့်လိုက်သည်။
မှန်ထဲက ကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်း လွန်းတော့ ချစ်ဖို့ကောင်းတယ် မမြင်။
" ဘုရားရေ ငါဒီလို ချွဲပစ်ပစ်ကြီးတွေ မလုပ်နိုင်ဘူး လို့ လွန်းလရိပ်ဝေး ကို ကယ်တင်ပေးကြပါဦး "
ဧည့်ခန်းထဲ ပြန်သွားကာ နံပါတ် လေး အချက်က ဘာများဖြစ်မလဲလို့ လွန်း ဖတ်
ကြည့်လိုက်ပြန်သည်။

YOU ARE READING
တစ်ဦးဆိုင် ရပ်ဝန်း
RomanceThe entire story line and character names are just the imagination of the author.