တစ်ဦးဆိုင် ရပ်ဝန်း
Unicode
Iris ရဲ့ Wayy Company က Design ပိုင်းနဲ့ ပက်သတ်တဲ့ Company တစ်ခုဖြစ်ပြီး အဓိကအားဖြင့် Wedding Dress တွေနဲ့ ပွဲတက်ဝတ်စုံတွေကို အများဆုံး ဖန်တီးပေးတယ် ။
Design လောကရဲ့ အတော်ဆုံး Designer တွေတော်တော်များများ ကလည်း Iris ရဲ့ Wayy Company မှာပဲ ရှိသည်။
Company နာမည်ကိုလည်း လွန်းနာမည်ရဲ့ နောက်ဆုံးအလုံး ဝေးဆိုတဲ့ နာမည်ကိုပဲ Iris ပေးထားဖြစ်တယ် ။
ဒီ Company အပြင် Iris ရှယ်ယာ ဝင်ထားသည့် ဆောက်လုပ်ရေး Company များကလည်း ဒုနဲ့ဒေး ။
လွန်း အနားမှာ အချိန်ပြည့် နေခွင့်ရဖို့က လည်း Iris ဒီ Wayy မှာ ထိုင်မှပဲ ရမှာ ။
Company က ဆယ့်နှစ်လွှာသာရှိပြီး အောက်ဆုံးထပ်က ကားပါကင် ထိပ်ဆုံးက Iris နဲ့ အတွင်းရေးမှုး ရဲ့ ရုံးခန်း သာရှိပြီး အလယ်က အထပ်အားလုံးက ဝန်ထမ်းများရဲ့ ရုံးခန်းများသာ ဖြစ်ပြီး Meeting Room အတွက် သီးသန့် တစ်လွှာထားပေးထားသည်။
စားပွဲပေါ်မှ ဖုန်းသံကြောင့် Iris ကြည့်လိုက်တော့ အတွင်းရေးမှုး ဆီမှ ဖြစ်နေသည်။
Iris က လွန်းဆက်တယ် ထင်နေတာ ။
" ပြော "
" CEO ရှင့် ထက် တို့ Meeting ကို ဆယ်နာရီ ထိုးကို ရွှေ့ထားပါတယ် Philippines က Designer တွေ သုံးမိနစ် လောက် နောက်ကြမယ်ပြောလို့ပါ "
" အင်း သိပြီ "
ရုံးဖုန်း သံကြားတာတောင်မှ Iris တို့ လွန်း ဆက်တယ် ထင်တာဆိုတော့ တော်ရုံ ရူးတာမဟုတ်ဘူးပဲ ။
" လွမ်းလိုက်တာ လွန်းရယ် မောင် လွမ်းနေပြီ "
ဘာရယ်မဟုတ် လွန်း အိပ်နေတုန်း Iris ခိုး ရိုက်ထားတဲ့ ပုံလေးတွေ ထုတ်ကြည့်ကာ တစ်ယောက်တည်း ပြုံးနေဖြစ်သည်။
" မောင့်အပိုင်လေးကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ "
တစ်ဖက်က Genius တွင်လည်း လွန်း တစ်ယောက် ဆေးရုံ စရောက်တည်းက ပြဿနာပေါင်း သောင်းခြောက်ထောင်က ဆီးကြိုနေလေသည်။
ကိုယ်ဝန်ဖျက်ချရာမှ လွဲချော်သွားပြီး Accident ဖြစ်သွားကာ ဆေးရုံရောက်လာခြင်းပင် ။

YOU ARE READING
တစ်ဦးဆိုင် ရပ်ဝန်း
RomanceThe entire story line and character names are just the imagination of the author.