အပိုင်း(၂၇)

38.8K 3.3K 245
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

Iris ဝရံတာဘောင်ပေါ်တက်ထိုင်ကာ လွန်း
ပုခုံးပေါ် ခေါင်းမှီထားလိုက်သည်။

" ဘာမှမဖြစ်ဖူး မောင် စိတ်မပူနဲ့ လွန်းဆီကနေပြီး မောင့်ကို သူတို့ဆွဲထုတ်သွားလို့မရစေရဘူး "

လွန်းလရိပ်ဝေး မောင့်ကို စိတ်မပူစေရန်ပြောနေသော်လည်း ကိုယ်တိုင်ကိုကပင် စိုးရိမ်စိတ်လေး နည်းနည်းတော့ ဝင်နေလေသည် ။

" လက်ကလည်း ဒဏ်ရာရထားတာဆိုတော့ မောင်အခန်းထဲဝင်ပြီး နားလိုက်တော့နော် လွန်း မောင့်မိဘတွေနဲ့ စကားပြောကြည့်မယ် "

" လွန်း သူတို့က မင်းနဲ့မောင့်ကို သဘောတူမှာမဟုတ်ဘူး သူတို့က သူတို့အတ္တကိုပဲ ရှေ့တန်းတင်ကြတဲ့သူတွေ "

" စိတ်ချပါ မောင်ရဲ့ လွန်းတို့မဝေးစေရဘူး မောင်က လွန်းအပိုင်မို့ လွန်းကိုယုံကြည်ထားလိုက် နားလိုက်နော် မောင် "

" မောင်က မင်းကိုအများကြီး ချစ်တာမို့ သူတို့စကားတွေ နားမယောင်လိုက်ပါနဲ့နော် လွန်း "

လွန်းလရိပ်ဝေး ခေါင်းသာငြိမ့်ပြလိုက်သည်။

" ဒါဆို မောင်ခဏနားမယ်နော် "

" အင်း အိပ်နေနော် မောင် "

" ဟုတ်ကဲ့ပါဗျာ မောင့်နှလုံးသားရယ် "

Iris ရယ်သံတွေကအသက်မပါ ခြောက်ကပ်ကပ်နိုင်လှသည်။

မောင် အခန်းထဲ ဝင်သွားမှ လွန်းလရိပ်ဝေး မောင့်မိဘတွေနဲ့ မျက်နှာချင်းဆိုင် မှာ ဝင်ထိုင်လိုက်သည်။

" လမ်းခွဲပေးပါ လမြတ်ဝါဆို နဲ့ "

မောင့်ဖေဖေစကားကြောင့် လွန်း ဟက်ခနဲရယ်လိုက်သည်။

" မောင်နဲ့ လမ်းမခွဲပေးနိုင်ဘူးဆိုရင်ရော "

" စောက်ပိုစကားတွေမပြောနဲ့ မင်းငါ့သားကို ငွေလိုလို့ ကပ်နေတာ မဟုတ်ဘူးလား လွန်းလရိပ်ဝေး "

" သား ဟုတ်လား ဘယ်တုန်းကများ လမြတ်ဝါဆို က ဦးလေးတို့သား ဖြစ်သွားရတာလဲ "

" မင်းစောက်လုပ်လား အဲ့ဒါ "

" မောင့်စောက်လုပ်က ကျွန်တော့်စောက်လုပ်ပဲ ဦးလေးရဲ့ "

တစ်ဦးဆိုင် ရပ်ဝန်းDove le storie prendono vita. Scoprilo ora