တစ်ဦးဆိုင် ရပ်ဝန်း
Unicode
" မောင် တစ်ကယ်လို့ မောင့်မိဘတွေ က လွန်းနဲ့ သဘောမတူရင်ရော "
မောင့်လက်ဖမိုးကို အရက်ပျံဆွတ်ထားသော ဂွမ်းစနဲ့ လွန်း အသာပွတ်ပေးလိုက်ကာ မေးလိုက်သည်။
" သူတို့မောင့်ကိစ္စတွေကို ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး လွန်း "
" တစ်ကယ်လို့ သဘောမတူရင်ရောလို့ ပြောတာ မောင်ရဲ့ "
ငယ်ငယ်တုန်းကလို နောက်ဖေးခြံမှာ တွေ့ရင် ဝတ်လာသည့် အတိုင်း အဝါရောင်ဘဲပေါက်လေးတွေအများကြီးပါသည့် Night Dress ကိုမှ အင်္ကျီ အတို ဘောင်းဘီအတိုလေးသာ ဝတ်ထားသည့် လွန်းက ကလေးလေးတစ်ယောက်လိုပင်ဖြစ်နေသည် ။ အသားအရည်က ဝင်းဝါနေကာ ဝတ်ထားတဲ့ အဝါရောင်နဲ့ အပ်စပ်လှသည်။
မျက်မှန်ကလည်း ဆေးရုံသွားရင် တပ်နေကြ လေးထောင့်မျက်မှန်မဟုတ်ပဲ ကိုင်းအနက်ရောင် မျက်မှန်ဝိုင်းလေးကို တပ်ထားသောကြောင့် လွန်းက တစ်မျိူးလေး ထူးခြားနေသည်ဟု ဆိုရမည် ။
" သူတို့ သဘောတူတာ မတူတာ မောင်စိတ်မဝင်စားဘူး မောင်စိတ်ဝင်စားတာ လွန်းပဲ ရှိတယ် ။ ပြီးတော့ သူတို့က မောင့်ကို လွန်းနဲ့ သဘောမတူဘူးဆိုပြီးတော့လည်း ပြောလို့မရဘူး ။
မောင့်မှာ စဥ်းစား တွေးခေါ်နိုင်တဲ့ အသိဥာဏ်ရှိတယ် ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်လည်း မောင် ချနိုင်တယ် ။
ဘယ်ဟာကို ရွေးရင် ကောင်းတယ် ဘယ်ဟာကိုရွေးရင် မကောင်းဘူး ဆိုတာ မောင်သိတယ် လွန်း ။ "
" ဒါပေမဲ့ သူတို့က မောင့်မိဘတွေ လေ "
Iris လွန်းကို မျက်နှာလွှဲလိုက်ပြီး နှုတ်ခမ်းတစ်ချက်မဲ့ပြစ်လိုက်သည်။
" မိဘဆိုတာ နာမည်ခံသက်သက် ပဲ လွန်း ။
မောင့်အပေါ်မှာ မိဘတာဝန် တစ်ခုတောင် ကျေဖူးတာ မဟုတ်ဘူး ။ မတတ်သာလို့ သာ မောင့်ကို မွေးပြီး ကျွေးထားရုံပဲ "မောင်ပြောတာလည်း ဟုတ်နေသည်မို့ လွန်း မောင်လက်လေးကို အသာကိုင်ပြီး ဆေးသာထည့်ပေးနေလိုက်တယ် ။

YOU ARE READING
တစ်ဦးဆိုင် ရပ်ဝန်း
RomanceThe entire story line and character names are just the imagination of the author.