တစ်ဦးဆိုင် ရပ်ဝန်း
Unicode
(၁၀) နှစ်ကြာပြီးနောက်။
သူ့ပေါင်ကြားထဲ ခေါင်းရောက်နေသော Green ရဲ့ ခေါင်းကို Iris လက်နှစ်ဖက်နှင့်ဆောင့်ဆွဲလိုက်ပြီး တွန်းထုတ်လိုက်သည်။
" သွားလိုက်တော့ Green ငါမင်းကို မသတ်မိခင် "
" Iris ငါ "
" ထွက် သွား "
သူ့စကားကို နားထောင်သည့် Green က သူ့အား ခေါင်းငြိမ့်ပြကာ ထွက်သွားပေးသည်။
ခဏမှေးနေတုန်း ရှိသေး Green က သူ့အရာကို ပါးစပ်ထဲထည့်ကာပြုစုပေးနေခြင်း။
Green က Gay ဆိုတာသိပေမယ့် သူ့ကိုအဲ့လောက်ထိ အရူးအမူးဖြစ်နေမယ်တော့ မထင်မိ။
သူငယ်ချင်း အချင်းချင်း မို့ သူ Green ကို ဒီတစ်ခေါက်တော့ ညှာပေးလိုက်မည်။
Iris က လည်း Gay ဆိုပေမယ့် လွန်းတစ်ယောက်ထဲအတွက်သာ Gay ခြင်း Iris က Limited Gay။
France ကို စရောက်ထဲက သူ့နှလုံးသား တံခါးကို ပိတ်ထားခဲ့တာ ဆယ်နှစ်တိတိရှိခဲ့ပြီ။
Green ထွက်သွားမှ သူ့အတွက် limited နဲ့ထုတ်ပေးထားရသော လက်ထဲက Leo တံဆိပ်နဲ့ cigarette ကို စိမ်ပြေနပြေ သောက်နေလိုက်သည်။
ဆေးလိပ်ငွေ့တွေကြားထဲမှာမှလည်း မပီမပြင်မျက်နှာတစ်ခုက ထင်းလင်းနေသည်။
ဂုတ်အထက်နားထိရောက်နေသော ဆံပင်ခရမ်းရောင်များကို စုစည်းထားပြီး နားထင်နားက တက်တူးစာသားကလည်း မြင်သူတိုင်းအဖို့ သမင်လည်ပြန်ငေးရလောက်အောင် လှပလွန်းသည်။
My Youth = Loon LaYeik Wayy.
စစရောက်တဲ့နေ့မှာပဲ သူ ဒယ်ဒီ့ကို မရမက
ခွင့်တောင်းကာ သွားထိုးခဲ့ခြင်း။နာလွန်းလို့ အံကြိတ်ကာ တင်းပြီး ထိုးခံခဲ့သည်။အပေါ်ပိုင်း က အင်္ကျီ ဗလာနှင့်မို့ ကြွက်သားများကလည်း အမြှောင်းလိုက်ထနေသည်။
ဖြူစွတ်နေသော အသားအရည်ကြောင့် Iris ရဲ့ လူငယ်ပုံစံကို ပိုပြီး ပေါ်လွင်နိုင်စေသည်။
ခြောက်ပေ နှစ်လက်မရှိသော အရပ်ကြောင့်လည်း Iris က University ရှိ ယောကျ်ားလေး မိန်းကလေးများကြား အမြဲနာမည်ကြီးနေသည်။ Iris ကို မိန်းကလေးတွေသာမက အချို့ယောကျ်ားလေးများကပါ ပိုးပန်းကြသည်။

YOU ARE READING
တစ်ဦးဆိုင် ရပ်ဝန်း
RomanceThe entire story line and character names are just the imagination of the author.