အပိုင်း(၃၂)

41.9K 3.1K 139
                                    

တစ်ဦးဆိုင်    ရပ်ဝန်း

Unicode

" လွန်း အေးနေပြီလား "

" နည်းနည်း မောင် နည်းနည်း အေးတယ် "

လွန်းလရိပ်ဝေး မျက်စောင်းထိုးနားက လမ်းသရဲ မုန့်ဆိုင်ကို အကြည့်မပြတ် ။ စားချင်နေပေမယ့် မောင်က အခုတလော လွန်းကို အပြင်စာမကျွေး ။ အိမ်မှာပဲ သေချာ လတ်လတ်ဆတ်ဆတ် အသီးနဲ့အရွက်တွေဝယ်ပြီး တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ကျွေးလေသည်။ ပူဆာချင်ပေမယ့်လည်း မောင်က ဝယ်ကျွေးမှာ မဟုတ်မှန်း လွန်း သိသည်။

နမ်းရှိုက်နေကြ ပါးပြင်အပြင် လွန်းရဲ့နှာခေါင်းလုံးလုံးလေးတွေပါ နီရဲလာသည်မို့ လွန်း အေးနေပြီမှန်း Iris သိလိုက်သည်။

" လွန်း ဒီဘက်ကို ကပ် မောင့်အနားတိုး "

" လွန်း အဲ့ဘက်က မလျှောက်နဲ့ "

" လွန်း မောင့်လက်ကို တွဲထား "

စျေးတန်းကို ငမ်းနေတုန်း မောင်က လူကို လက်ကနေဆောင့်ဆွဲလိုက်တာမို့ လွန်းလရိပ်ဝေး မောင့်ရင်ခွင်ထဲ တန်းရောက်သွားရသည်။

"ဟုတ်ပြီ မောင် ဟုတ်ပြီ "

လွန်းကအခုဆို မောင့်ရင်ခွင်ထဲ၌ ကျုံ့ကျုံ့လေး ဝင်နေရပြီး တရွေ့ရွေ့ သာ လမ်းလျှောက်နေရသည်။ လူကလည်း ထင်ထားသည်ထက် ပိုရှုံ့နေသောကြောင့် လွန်းလည်း မောင့်အနား ကပ်နေရသည်။

လမ်းပျောက်တတ်သည့် လွန်း အကျင့်
ကြောင့် လည်း Iris မှာ လွန်းကို ရင်ခွင်ထဲကကို မထုတ်ရဲ ။

" သိုးမွှေးခြေအိတ်လေးတွေ ကြိုက်လား လွန်း "

" လွန်း သိုးမွှေးခြေအိတ်လေးတွေ ကြိုက်လားဟင် မောင်ဝယ်ပေးမယ် "

Iris ပြောနေသော်လည်း ရင်ခွင်ထဲကနေ တုတ်တုတ်မျှ မလှုပ်သည့် လွန်းကြောင့် မျက်နှာလေးကို ဆွဲယူကာ စစ်ကြည့်လိုက်တယ် ။

" ဟမ် ဘာလဲ မောင် ပြန်တော့မလို့လား နေပါဦး အခုမှရောက်တာလေ "

" ဘာတွေ တွေးနေတာလဲ လွန်း သိုးမွှေးခြေအိတ်လေးတွေကြိုက်လား လို့ မောင်မေးနေတာ "

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now