အပိုင်း(၃)

60.8K 5.1K 403
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

ရုံးခန်းထဲရောက်တော့ ထုံးစံအတိုင်း ကြားနေကြစကားတွေပဲ လမြတ်ဝါဆို ကြားရတယ် ။

မိဘတွေကတောင် ထိန်းမနိုင် သိမ်းမနိုင်ဖြစ်နေတဲ့ကောင်လေး အကြီးတွေကို ရိုသေမှုမရှိပဲ ပြန်ထိုးတဲ့ကောင်လေး   ကြားထဲက မဆီမဆိုင်စကားတွေက ပါလိုက်သေးတယ် ဒီလိုပုံစံမျိုးနဲ့ စာမေးပွဲကအောင်မှာမဟုတ်ဘူးဆိုပဲ။

ဇာတ်လမ်းအစမှာဘယ်သူ မင်းသား ဘယ်သူမင်းသမီးလဲ မသိပေမယ့် ဇာတ်လမ်းအဆုံးတိုင်းမှာတော့ လမြတ်ဝါဆို က ဗီလိန် ပဲ ဖြစ်ရတယ်။

နောက်မလုပ်တော့ပါဘူးဆိုပြီး ခံဝန်ကတိထိုးကာ အ​ဆောင်ရှေ့က မြက်ရိုင်းတွေ နှုတ် ပြီး အိမ်သာတွေ သန့်ရှင်းရေးလုပ်ဖို့ လမြတ်ဝါဆို အ​ပြစ်ပေးခဲ့ရသည်။

" ဒါဆို သူတို့ကြတော့ရော ဆရာကြီး ကျွန်တော်တစ်ယောက်ထဲပဲ ရန်ဖြစ်တာမဟုတ်ဘူးလေ သူတို့အရင်စလို့ ကျွန်တော်ပြန်ထိုးတာ ဘာလို့ ကျွန်တော့် တစ်ယောက်တည်းကပဲ ​မြက်နှုတ်ရမှာလဲ အိမ်သာဆေးရမှာလဲ "

လမြတ်ဝါဆို အမေးကြောင့် ကျောင်းအုပ်ကြီး က သက်ပြင်းချသည်။

ရှေ့ကသုံးကောင်ကလည်း အခုမှ မျက်နှာငယ်လေးတွေနဲ့ လုပ်ပြနေသည်။

" သူတို့က ဆယ်တန်းကျောင်းသားတွေလေ သူတို့ကိုခိုင်းလိုက်လို့ အတန်းချိန်တွေ လွတ်သွားရင် ဘယ်လိုလုပ်မလဲ ဆယ်တန်း ဆိုတာ အရေးကြီးတယ်ကွ "

မဆီလျော်သော စကားတွေကိုလည်း လမြတ်ဝါဆို ထပ်မကြားချင်တော့သောကြောင့် ပြောလက်စ စကားကို  လက်စမြန်မြန် သတ်ရသည်။

" ဆယ်တန်းတွေကပဲ အရေးကြီးတာပေါ့ ကျွန်တော့်လို ရှစ်တန်း ကျောင်းသားကရော အရေးမကြီးဘူး လား ထားပါတော့ အရေးကြီးတဲ့ ဆယ်တန်းအကိုကြီးတွေအစား ကျွန်တော်ကပဲ သန့်ရှင်းရေးလုပ်လိုက်ပါ့မယ် ခွင့်ပြုပါဦးဗျ ဆရာကြီး  ....... ဪ ကျွန်တော့်အိမ်ကို ဖုန်းဆက်ပြီး လှမ်းတိုင်ဖို့လည်း မမေ့နဲဦးနော် "

ကျောင်းအုပ်ကြီး စကားပြန်ပြောတာ စောင့်မနေတော့ပဲ လမြတ်ဝါဆို အဆောင်ပြန်လာ​ပြီး
မြက်နှုတ်ဖို့အတွက် ပုဆိုးကို ခပ်တိုတို ဝတ်ကာ ရွှံ့ ထဲဆင်းလိုက်သည်။

တစ်ဦးဆိုင် ရပ်ဝန်းOnde histórias criam vida. Descubra agora