တစ်ဦးဆိုင် ရပ်ဝန်း
Unicode
တစ်စက္ကန့်လေးတောင် လွန်း မျက်ဝန်းတွေကို Iris အလွတ်မပေးပဲ စိုက်ကြည့်နေလိုက်သည်။
နည်းနည်းလေးများ ရှေ့ဆက်တိုးလိုက်ရင် ပန်းဖျော့ရောင် နှုတ်ခမ်း ပါးပါးလေးနဲ့ ဆေးလိပ်ဒဏ်ကြောင့် ညိုနေသော နှုတ်ခမ်းထူထူလေးကလည်း ထိကပ်တော့မည် ။
" ပြန်ပြောလိုက် ခုနက စကားကို မောင် သေချာမကြားလိုက်ဘူး "
ဒီလောက်ရှင်းလင်းပြတ်သားနေသည့် လွန်းအသံကို မကြားဖူးဆိုတာ မဖြစ်နိုင် သို့သော်လည်း မောင့်ကို အလိုလိုက်ချင်တာမို့ လွန်း မောင့်နားရွက်ဖျားလေးကို ဆွဲပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။
" မောင့်ကို လွန်းက ချစ်တယ် လို့ အများကြီး ချစ်တာမို့ မောင်ကလည်း လွန်းကို အများကြီး ပိုပြီး ချစ်ပေးပါနော် "
နားထဲကနေတစ်ဆင့် နှလုံးသားထဲကို စိမ့်ဝင်လာသော လွန်း ၏ ချစ်တယ် ဆိုသော စကားကြောင့် Iris ခနလောက် လွန်းကို တွန်းဖယ်လိုက်ပြီး ဝရံတာဘက် ထွက်လာလိုက်တယ်။
ရိုလာကိုစတာ စီးရသလို ခံစားချက်မျိူးကို သူအခုရနေတာ မဟုတ်ဘူး ဒီထပ်ပိုပြီး ဘယ်လိုပြောရမလဲ ရင်တွေ တလှပ်လှပ်နဲ့ ဖြစ်နေတာ ။
ကလေးဘဝတုန်းက သူအရမ်းစားချင်တဲ့ ချိုချဥ်ဘူးလေးကို မာမီက ညီမလေး အတွက်ဝယ်လာပေးဖူးတယ် သူ့အတွက် တော့ မေ့နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ထားခံခဲ့ရတယ်။
ဒါပေမဲ့ သူကံကောင်းချင်တော့ မီးငယ်က သူ့ကို သနားပြီး ချိူချဥ် တစ်လုံး လာကြွေးတယ် ။
အဲ့တုန်းကလေ Iris တအားကို ပျော်ခဲ့ရတယ် ။
သူလိုချင်တာလေးတွေကို မီးငယ်က မလိုချင်တော့တိုင်း သူ့ကိုလာပေးတတ်တယ်။ အဲ့အချိန်ဆို Iris ကံကောင်းမှုကြီးတစ်ခု ရသလိုကို ပျော်နေတတ်တာ ။
ဒါပေမဲ့ အခုလောက်ထိ မပျော်ဖူးဘူး အခုအချိန်ကလေ ငယ်ငယ်တုန်းက ကံကောင်းမှုကြီးရတာထက် ပိုပြီး ပျော်ရွှင်ရတယ်။

YOU ARE READING
တစ်ဦးဆိုင် ရပ်ဝန်း
RomanceThe entire story line and character names are just the imagination of the author.