အပိုင်း(၃၀)

42.7K 3.2K 436
                                    

တစ်ဦးဆိုင်    ရပ်ဝန်း

Unicode

လွန်းလရိပ်ဝေး မောင်နဲ့ လှပျိုဖြူရဲ့ အလယ်နေရာရှိ ဆိုဖာပေါ်၌ ဝင်ထိုင်လိုက်တယ် ။

မောင့်ကို ကြည့်တော့ လွန်း မျက်နှာကိုပဲ
ကြည့်နေသောကြောင့် လွန်း နှစ်နှစ်ကာကာ ပြန်ပြုံးပြလိုက်သည်။

မောင်ကတောင် အားလုံးကို စွန့်လွှတ်ပြီး သူ့ကိုရွေးချယ်ခဲ့တာ သူကရော ဘာမို့လို့ သူ့ကိုမချစ်တဲ့သူတွေအတွက် သူ့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှု ကို စွန့်လွတ်ရမှာလဲ ။

သေချာတယ် ဒီဘဝမှာ မောင့်ကို မရွေးချယ်ခဲ့ရင် သူဟာ အကြီးမားဆုံးနောင်တကိုရတော့မှာ ။

လွန်းလရိပ်ဝေး ဒီလိုတော့ အဖြစ်မခံနိုင်ဘူး လွန်းမရှိရင် မောင်လည်း ပျောက်ကွယ်သွားမှာ ဆိုတဲ့ ကောင်လေးအတွက် လွန်းပါ ပျောက်ကွယ် သွားလို့ မဖြစ်ဘူး ။

မောင်လက်နှစ်ဖက်ကို လွန်း ဆုပ်ကိုင်လိုက်ပြီး လှပျိုဖြူ ရှေ့မှာပင် မြတ်မြတ်နိုးနိုးနဲ့ကို နမ်းရှိုက်ပြစ်လိုက်သည် ။

" မောင့်ကို ချစ်တယ် အမြဲတမ်း ထာဝရအတွက် "

Iris လည်း လွန်း လက်နှစ်ဖက် ကို ပြန်ဆုပ်ကိုင်ကာ မျက်ရည်များနှင့်ပြန်ပြုံးပြမိသည် ။

" ဒါဆို မောင့်ကိုလား လွန်း "

Iris လွန်း၏ အဖြေအား ရင်ခုန်စွာနဲ့ စောင့်နေမိသည် ။

" သေချာတာပေါ့ မောင်ရယ် မောင့်ကိုပဲပေါ့ "

လွန်းစကား အဆုံး မောင်က ခေါင်းငုံ့သွားသည်မို့ ခိုးပြုံးနေပြီမှန်း လွန်း သိလိုက်သည် ။

လွန်းသာ မောင့်ကို မရွေးချယ်ပဲ ထားခဲ့ရင် ရလာမယ့် အကျိူးဆက်က လွန်းအတွက်ရော မောင့်အတွက်ရော နှစ်ယောက်လုံးအတွက်ရော အတော်ကို နာကျင်ရမှာ ။

လှပျိုဖြူ ကို အားနာရအောင်လည်း လွန်းက ဘာအမှားမှ လုပ်ထားတာ မရှိဘူး။

လွန်းကိုချစ်တဲ့သူနဲ့ လွန်းကချစ်တဲ့သူ မောင့်ကိုပဲ လွန်း ရွေးချယ်မှာပေါ့ ။

" လွန်းလရိပ်ဝေး နင့်ကို သိပ်မုန်းလိုက်တာ "

ရှေ့ကနေ မြင်နေရသည့် မြင်ကွင်းက လှပျိုဖြူ အတွက် အတော်ကို နာကျင်ရပါတယ် ။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now