တစ်ဦးဆိုင် ရပ်ဝန်း
Unicode
" နိုးပြီလား လွန်း မောင်တို့ ပြန်ရောက်နေတာ ကြာပြီ လွန်း အိပ်ပျော်နေတာ မောင် မနှိုးရက်လို့ စောင့်ပေးနေတာ "
အလင်းရောင်ကြောင့် လွန်း မျက်လုံးစူးသွား၍ အသာပွတ်လိုက်မိသည်။
" ဟာ မျက်လုံးကို မပွတ်ရဘူး လွန်း မျက်မှန်သမားဆိုတာ တအား ဆင်ခြင်ရတယ် "
" မင်း ဘာဖြစ်နေတာလဲ ကဲနေလိုက်တာ အရင်ကလည်း ပွတ်နေကြဟာကို "
Iris အခုထိ မျက်လုံးကို ပွတ်နေသော လွန်း လက်နှစ်ဖက်လုံးကို သူ့ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
" မျက်လုံး ကိုတအားပွတ်မိရင် မကောင်းဘူး လွန်းရဲ့ လက်မှာ မမြင်ရတဲ့ ပိုးမွှားတွေ ရှိနေနိုင်တယ် ပြီးတော့ မျက်လုံးထိခိုက်လိမ့်မယ် "
အတည်ကြီးပြောနေသော လမြတ်ဝါဆို ကြောင့် လွန်း ခေါင်းငြိမ့်ပြလိုက်ရသည်။
" ယားတယ် ဖုန်းအသုံးများလို့ လားမသိဘူး မျက်လုံးတွေ လည်း စူးပြီးအောင့်နေတာ ပြီးတော့ ငါက အစပ်အရမ်း စားတာ အဲ့ဒါ
ကြောင့် ထင်တယ် စိတ်မပူပါနဲ့ ငါ မင်းစကား နားထောင်ပါ့မယ် "နဖူးပေါ် ဝဲကြနေတဲ့ လွန်း ဆံပင်လေးတွေကို Iris သပ်တင်ပေးကာ ခပ်ဖွဖွလေး နမ်းလိုက်သည်။
" မောင် မင်းအတွက် Tissue ကို သီးသန့် ထုတ်ပေးမယ် နူးညံ့လွန်းလို့ သုံးလို့သိပ်ကောင်းတယ် မျက်လုံးကို ပွတ်ချင်တယ်ဆိုရင် အဲ့ Tissue ကို သုံး ဟုတ်ပြီလား "
" အင်း အခုရော အခုက ဘာနဲ့ပွတ်ရမှာလဲ မျက်ခမ်းစပ်တွေ ယားနေပြီ "
" မောင် လုပ်ပေးမှာပေါ့ မျက်လုံးခဏလောက် မှိတ်ထားပေး "
မျက်ခမ်းစပ်လေးတွေ ရဲနေသည့် လွန်း
ကြောင့် Iris သူ့မူပိုင် နှာခေါင်းချွန်ချွန်လေးကို အသုံးပြုကာ ပွတ်ပေးနေလိုက်သည်။မျက်ခမ်းစပ်ကို လာထိနေသည့် အရာကြောင့် လွန်း မျက်လုံးဖွင့်ကြည့်လိုက်တော့ လမြတ်ဝါဆို ရဲ့ နှာခေါင်းဖြစ်နေသည်။

YOU ARE READING
တစ်ဦးဆိုင် ရပ်ဝန်း
RomanceThe entire story line and character names are just the imagination of the author.