အပိုင်း(၂၀)

47K 3.5K 73
                                    

တစ်ဦးဆိုင်  ရပ်ဝန်း

Unicode

" လွန်း မောင်ဒီမှာ "

မိုးပြာရောင် Summer Shirt လက်တိုလေးနဲ့   ဒူးဖုံးရုံမျှသာရှိတဲ့  အဖြူရောင် ဘောင်းဘီတိုကို ဝတ်ထားသော အမာရွတ် ကလေးက ဟိုဟိုဒီဒီ ကူးသန်းနေကြတဲ့ နာစ်မတွေနဲ့ အခြားဆရာဝန်တွေကြား ထင်းထွက်နေလေသည်။

" ဆံပင် အမဲရောင်ပြန်ချိန်းထားတာပဲ "

လွန်း တစ်ကယ်ကို အံ့သြမှင်သက်နေမိသည်။လွန်းပြောတဲ့အတိုင်း ဆံပင်လည်း ညှပ်ထားပြီး အမဲရောင်လည်း ချိန်းထားသောကြောင့်ပင်။

အရပ်ရှည်တာကြောင့်ရော လား မသိ လမြတ်ဝါဆို က တစ်ကယ်ကို ကြည့်လို့ကောင်းနေသည်။

"  မောင်က မင်းအပိုင်ပါကွာ လွန်းရာ အဲ့လောက်ထိငေးနေတော့ မောင်ရှက်လာပြီရယ်"

ဂုတ်ပိုးကို လက်နဲ့ ပွတ်ကာ ရီပြီးပြောသော ကောင်လေးကို လွန်း မျက်တောင် မခတ်ပဲ ကြည့်နေလိုက်တယ်။

" ဒေါက်တာလေး  လွန်းလရိပ်ဝေး  "

" ဗျာ  မဖြူ "

သူ့လိုပင် Emergency ဌာနက မဖြူက သူ့နာမည်ခေါ်လာသောကြောင့် လွန်း ပြန်ထူးလိုက်သည်။

" ဟို ဒေါက်တာလေး သူငယ်ချင်းလားဟင် ချောလိုက်တာ အရပ်ကြီးက အရှည်ကြီးပဲ ကိုရီးယား မင်းသား နဲ့တူလိုက်တာ ဟီး "

Iris လွန်း မျက်နှာလေး ကိုကြည့်နေရင်း မှုန်ကုပ်သွားသောကြောင့် လွန်း ခန္ဓာကိုယ် လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ မိတ်ဆက်လိုက်သည်။

" ကိုယ့်နာမည် လမြတ်ဝါဆို ပါ အမ  Iris လို့လည်း ခေါ်လို့ရပါတယ် ဒေါက်တာ လွန်းလရိပ်ဝေး ရဲ့ အမျိုးသားပါ "

" အား မိုက်လိုက်တာ ဒေါက်တာလေးက လျှိုထားတယ်နော် နှစ်ယောက်လုံး က နေနဲ့လ ရွှေနဲ့မြပဲ ချစ်စရာ ကောင်းလိုက်တာ နှစ်ယောက်လုံး အိုအောင်မင်းအောင် ပေါင်းရပါစေ နော် ဒေါက်တာလေးနဲ့ မောင်လေး လမြတ်ဝါဆို "

မဖြူက ပုံမှန်လိုပင် ပြောလာသောကြောင့် လွန်း စိတ်ထဲ ​ရှင်းသွားရသည်။ အကယ်၍  ဒီကိစ္စနဲ့ ပက်သက်ပြီး လွန်းအပြောခံရတာကိစ္စမရှိပေမယ့်လမြတ်ဝါဆို ကိုတော့  နည်းနည်းလေးမှ အပြောဆိုမခံစေချင်ဘူး။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now