Part- 12

25.9K 2.3K 272
                                    

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"

Part- 12

For unicode

"ရိပေါ်..ငါအခုတလောဘာဖြစ်နေမှန်းမသိဘူး
ရင်ထဲမှာမအီမသာနဲ့
ဗိုက်ကလည်းတစ်မျိုးကြီးခံစားရတယ်"

"အဲ့ဒါကြောင့်ကိုယ်ကပြောတာလေ
တောကိုမလိုက်ချင်နဲ့လို့"

"မင်းနဲ့အတူတောကိုလိုက်ရရင်မပင်ပန်းဘူး
ပျော်ဖို့ကောင်းတယ်"

"ဒါပေမယ့်ရှောင်းကိုကြည့်ရတာမျက်နှာဖြူဖပ်ဖပ်နဲ့
ကိုယ်တကယ်စိတ်မချဘူး
အိပ်ရာထဲမှာဘဲအနားယူစမ်းပါရှောင်းရာ"

"ဟင့်အင်း..မသိဘူး
လိုက်မှာဘဲ"

ရှောင်းကျန့်ကခေါင်းမာတဲ့ရှောင်းကျန့်ဘဲ။အရပ်ရှည်ပြီးလူကောင်ကသေးသလောက်ခေါင်းကတော့တော်တော်မာတယ်။ရိပေါ်ကရှောင်းကျန့်ငိုတဲ့နေ့ကစပြီးအရက်ဆိုဝေးဝေးကရှောင်တော့သည်။ရှောင်းကျန့်ကိုလည်းပိုပြီးအလိုလိုက်ပြီးအရာရာရှောင်းကျန့်သဘောဖြစ်စေသည်။

ရိပေါ်ကအခုရှောင်းကျန့်ခဏခဏအန်နေပြီးနေမကောင်းချင်သလိုလို၊အားမရှိသလိုလိုဖြစ်နေသွားကြောင့်တောထဲကိုခေါ်မသွားချင်ပါ။ဒီတစ်ခါတော့ရိပေါ်ကအိမ်ခြေ၂၀၀လောက်ရှိသည့်တောမကျ၊မြို့မကျရွာဈေးလေးမှာမျှစ်နဲ့ကဒက်ဉရှာပြီးသွားရောင်းမလို့လုပ်ထားသည်။ရွာမှာလိုအကြွေးမကျဘဲငွေလည်းချက်ချင်းရမည်ဖြစ်သွားကြောင့်ပင်။ရိပေါ်ကအားနာတက်လွန်းလို့အကြွေးသွားမတောင်းဝံ့။အ‌ေကြွးပေးရမယ့်လူတွေကလည်းမေ့သွားတာလား၊မေ့ချင်ယောင်ဆောင်နေတာလားသူလည်းမသိတော့ပါ။သူကလည်းကိုယ့်ရွာသားအချင်းချင်းဆိုတော့ဘာမှပြသနာမဖြစ်ချင်။

"နော်..ရိပေါ်နော်
အခုတလောမင်းမခွံ့ကျွေးရင်ထမင်းမဝင်နိုင်တာမင်းသိတယ်နော်ဝမ်ရိပေါ်"

ရှောင်းကျန့်အခုတ‌လောတကယ်ဘာဖြစ်နေမှန်းကိုမသိတော့ပါ။ရိပေါ်ခွံ့ကျွေးတာဘဲဝင်နိုင်ပြီးရိပေါ်ဘယ်သွားသွားနောက်ကတစ်ကောက်ကောက်လိုက်ချင်နေသည်။

"ဒါပေမယ့်မျှစ်ချိုးဖို့အဝေးကြီးကိုသွားရမှာ
တောင်ကလည်းမတ်စောက်သေးတယ်
အတက်အဆင်းပင်ပန်းမှာ
မျှစ်ချိုးတာကအရမ်းပင်ပန်းတယ်ရှောင်းရ..
ပြီးတော့ဝါးပင်တောထဲမှာမြွေတွေနဲ့လည်းတွေ့တတ်တယ်
ခြင်တွေလည်း၊မျှော့တွေလည်းရှိသေးတယ်လေကွာ
ပြီးတော့တစ်နေ့လုံးကြာမှာ
မျှစ်ချိုးပြီးရင်ကဒက်ဉပါဆက်တူးဦးမှာ"

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)Where stories live. Discover now