"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်.."
Part- 23
For unicode
ငါးနှစ်ခန့်ကြာပြီးနောက်...
"စောအော်..ညီလေးကိုကြည့်ထားနော်
ကစားဖို့မသွားနဲ့တော့""ဟင့် အဲ့ကလေးဘဲထိန်းနေရတာဘဲ
သားသူနဲ့အေးအေးဆေးဆေးမကစားရဘူး""ပါးပါးသားတျဲတျဲနဲ့ဘွားဘွားစားဖို့နေ့လည်စာသွားပို့ရမယ်
စောအော်လေးကညီလေးကိုခဏထိန်းထားပေးလေ
ညီလေးကိုချစ်ဘူးလား""ချစ်တော့ချစ်တာပေါ့
ဒါပေမယ့်သားတစ်ယောက်တည်းလွတ်လွတ်လပ်လပ်မကစားရဘူးလေ
ရှောင်းအော်လေးကသားစကားနားမထောင်ဘူးဗျ""ပါးပါးမကြာစေရပါဘူးကွာ..
ညီလေးကဘယ်လောက်လိမ်မာလိုက်လဲ
သားဖို့ထမင်းချမ်းချန်ထားခဲ့တယ်
ဗိုက်ဆာရင်စားထားနော်
ညီလေးကိုအစပ်တွေမခွံ့မိစေနဲ့
တျဲတျဲတစ်ယောက်တည်းအလုပ်တွေရှုပ်နေတာ
စောအော်လေးကမိဘကိုသိတတ်ပြီးညီလေးကိုကူထိန်းပေးတာဘယ်လောက်သိတတ်လိုက်လဲ"စောအော်လေးကဒီလိုမြှောကိပေးရင်သိပ်သဘောကျတယ်။လူလိမ်မာလေး၊လူယဉ်ကျေးလေး၊အလိမ်မာတုံးလေးလို့ခေါ်ပြီးခိုင်းသာခိုင်း၊အကုန်လုပ်ပေးတယ်။၇နှစ်မပြည့်သေးတဲ့စောအော်လေးကကလေးထိန်းဖို့တောင်တတ်နေပြီ။အဲ့ကလေးရှိနေလို့လည်းရှောင်းအော်လေးကိုစိတ်ချလက်ချထားခဲ့နိုင်တာ။စောအော်လေးတုန်းကဆိုဘယ်လောက်ဒုက္ခရောက်လိုက်လဲ..။
"ကဲ..ပါးပါးထမင်းသွားပို့လိုက်ဦးမယ်
သားတျဲတျဲနဲ့ဘွားဘွားဗိုက်ဆာနေလောက်ပြီ
ညီလေးကိုသေချာကြည့်ထားနော်
ဘာမှကောက်မစားမိစေနဲ့""ဟုတ်ကဲ့.."
ရှောင်းကျန့်ကခါးမှာချီထားတဲ့ရှောင်းအော်လေးကိုသူ့အစ်ကိုနားချလိုက်တော့မဆင်းလိုဘဲခြေထောက်သေးသေးလေးတွေနဲ့အတင်းချိတ်ထားသည်။တစ်နှစ်ကျော်အရွယ်ကလေးကရှူးပေါက်ချထားလို့သူနဲ့
တော်တဲ့ဘောင်းဘီတွေလည်းမခြောက်သေးတော့ရှောင်းကျန့်မှရှောင်းအော်လေးကိုဖင်တုံးလုံးလေးထားရသည်။အပေါ်ကအဝတ်ကဖင်လုံရုံလောက်ပေမယ့်အောက်မှာဘာမှမဝတ်ထားတာသိသာနေသည်..
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Fanfic"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...