Part- 18

23.6K 2.1K 170
                                    

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"

Part- 18

For unicode

"မား..
ကျွန်တော်အဲ့ထမင်းဖြူနဲ့ဆားတစ်ခုတည်းနဲ့တကယ်မဝင်နိုင်တော့ဘူး"

"နည်းနည်းသည်းခံပြီးစားကြည့်ပါဦး
မီးတွင်းထဲမှာအစားအသောက်ဆင်ခြင်ရမယ်"

"ဆေးဆရာကအကုန်စားလို့ရတယ်လို့ပြောတယ်"

"အဲ့ဆေးဆရာဘာမှမသိပါဘူး
မားပြောတာဘဲယုံ
ရွာထဲကလူတွေလည်းဒီအတိုင်းစားကြတာ
သည်းခံပြီးဝင်နိုင်အောင်စား"

‌ထမင်းဖြူနဲ့ဆားတစ်ခုတည်းနဲ့ဘယ်သူဝင်နိုင်တော့မှာလဲ။တစ်ပတ်ရှိနေပြီ။ကလေးနို့တိုက်ရတာလည်းမဟုတ်တော့ရိပေါ်ကလည်းခိုးကျွေးတယ်။သူကလည်းခိုးစားလိုက်တာဘဲ။အဲ့ထမင်းဖြူမှာဆားလေးဖြူးပြီးဘာအရသာမှမရှိတဲ့ဟာကို။မားကလည်းသူမစားပြီးမချင်းထိုင်စောင့်ကြည့်နေတယ်။ထမင်းဖြူမစားရတဲ့နေ့ဆိုဘာမှမပါတဲ့ဆန်ပြုတ်ပျစ်ပျစ်ကိုသောက်ရတယ်။

မားကျေနပ်သွားအောင်နှစ်လုတ်သုံးလုတ်စားပြလိုက်တော့မားကလည်းလုပ်စရာရှိတာလုပ်ဖို့ထွက်သွားတယ်။

"ရိပေါ်...ရိပေါ်!!"

"ရှောင်းဘာဖြစ်လို့လဲ"

"ငါစားဖို့တစ်ခုခုယူခဲ့စမ်းပါ
ငါးခြောက်နဲ့ဖြစ်ဖြစ်
ဟင်းလှော်လေးနဲ့ဘဲဖြစ်ဖြစ်
မားမရှိ‌တုန်းအမြန်စားရမယ်"

ရိပေါ်ကမီးဖိုချောင်ထဲဝင်သွားပြီးထမင်းပန်ကန်းထဲမှာထမင်းသုတ်လုပ်လာတယ်။ထမင်းသုတ်ဆိုလို့ငပိချက်နည်းနည်းထည့်ပြီးချဉ်ပေါင်ကျော်နဲ့ထမင်းကိုရောသုတ်ထားတာ။တို့စရာလေးတွေလည်းဘေးမှာပုံလို့။ကျောက်ဖရုံရွက်ဟင်းချိုလေးနဲ့ရှောင်းကျန့်ခပ်မြန်မြန်စားပစ်လိုက်တယ်။

"ရိပေါ်..မားမသိအောင်ထားဦးနော်"

"အင်းပါ..
နွားမလေးကလေးမွေးတော့မယ်ရှောင်းရဲ့
ကိုယ်နွားမနားမှာနေပေးလိုက်မယ်နော်
ဘာဘဲလိုလိုကိုယ့်ကိုလှမ်းခေါ်လိုက်..."

"နွားနို့ကျိုထားတာယူခဲ့ပေးဦး
မင်းသားနိုးလာရင်အာပြဲကြီးနဲ့အော်တော့မှာ"

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)Where stories live. Discover now