"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"
Part- 17
For unicode
"ဦးကြီး..ဦးကြီး!"
"ဘာလဲ.."
"ဒါရှောင်းသခင်ကြီးတို့အိမ်သားအတွက်ရွာကထည့်ပေးလိုက်တာပါဗျ"
"ဟုတ်လား..အိမ်ထဲဝင်ပေးလိုက်လေကွာ"
"မဝင်တော့ပါဘူးဗျ"
"ဟေး..ဘယ်သူရောက်နေတာလဲ"
"တောကကလေတစ်ယောက်ပါဗျ..
ရွာကပါလာတဲ့ဟင်းတွေလာပေးတာတဲ့"ဝမ်ရိပေါ်သူ့ယောက်ဖအသံကြောင့်လန့်သွားမိသည်။ဝမ်ရိပေါ်မြို့ကိုရောက်ပြီးတစ်ရက်နေ့တွင်ဟင်းသီးဟင်းရွက်ရောင်းချသည့်ကုန်သည်ကြီးဆီမှာပါလာတဲ့အသီးတွေအကုန်လုံးကိုရောင်းချခဲ့လိုက်သည်။ဆေးလိပ်တွေလည်းပါသောကြောင့်သေချာလိပ်ထားတဲ့ဆေးလိပ်တွေကိုတည်းခိုဆောင်တစ်ခုမှာသွားရောင်းလိုက်သည်။တည်းခိုဆောင်မှာကဆေးလိပ်သောက်ပြီးအနားယူရသောကြောင့်ဖြစ်သည်။လူကြီးတွေကဆေးလိပ်သောက်ရတာကိုနှိုက်ရှိုက်ကြသည်။ဆေးလိပ်ကိုပင်ပန်းလို့လည်းသောက်ကြသည်။ဆေးရွက်ကြီးလိပ်ကပိုပြီးတောင်ဈေးကောင်းရခဲ့သည်။သူဌေးတွေကဘဲဝယ်သောက်နိုင်ကြတယ်လေ..
သူအစကရှောင်းသခင်ကြီးတို့အိမ်အတွက်ရွာကပါလာတဲ့ဟင်းသီးဟင်းရွက်တွေကိုတံခါးစောင့်ဦးကြီးဆီမှာပေးထားခဲ့ပြီးပြန်သွားမလို့ဖြစ်သည်။
"ဘယ်သူလဲ!"
ဝမ်ရိပေါ်ခေါင်းကိုငုံ့ထားလိုက်သည်။ထွက်ပြေးသွားဖို့သူ့မာနကခွင့်မပြု။ရောက်လာတော့လည်းနှုတ်ဆက်ပြီးမှပြန်သွားတော့မည်။သူ့ပုံစံကနည်းနည်းနုံချာနေတော့စိတ်အားတော့ငယ်မိသည်။သူအခုထိရှောင်းကိုပြည့်ပြည့်စုံစုံမထားနိုင်သေးပေ။အရိုက်ခံရလည်းရှိပါစေတော့..
"အော်..
ဟိုတောကကောင်ပါလား
ငါတို့အိမ်ရိပ်ကိုမနင်းဖို့ပြောထားတယ်မဟုတ်လား""ကျွန်တော်ပြန်သွားတော့မလို့ပါဘဲ"
"မင်းယူလာတာတွေငါတို့မစားဘူး
အကုန်ပြန်ယူသွား
သူတောင်းစားတွေ
မတန်မရာမှန်းရက်လိုက်တာ
ဘယ်မှာလဲ..ငါ့ညီ
ဆင်းရဲတွင်းမှာပျော်လားမေးကြည့်ဦးမယ်"
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Fanfiction"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...