Part- 9

28.7K 2.4K 206
                                    

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"

Part- 9

For unicode

"ပေး..ပိုက်ဆံ"

"ဘယ်လောက်လဲ"

"ငွေစ၅စကွာ.."

"များတယ်..လျော့ဦး"

"ဟေး..ဟေး
ငါမျက်နှာပူပူနဲ့ရှာလာခဲ့ရတာနော်"

"မလျော့ရင်မယူတော့ဘူး"

"ရိပေါ်ကြီး!
မင်းကိုယ့်အချင်းချင်းအဲ့လိုလုပ်လို့ရလို့လားကွာ"

"မင်းပိုတောင်းထားတာငါသိတယ်
‌ငွေစလေးစရမယ်
မဟုတ်ရင်မယူတော့ဘူး"

"ပြီးရော့ကွာ"

ရိပေါ်ရန်ဖေးလုံဆီကစာအုပ်လေးကိုလှမ်းယူလိုက်ပြီးရင်ဘက်အကျီစလေးထဲထည့်ကာဝှက်ထားလိုက်သည်။ရန်ဖေးလုံသူငယ်ချင်းကောင်းပီသစွာသူ့အတွက်ဝယ်လာပေးခဲ့သည်။အစကတော့သူမသိ၊ရန်ဖေးလုံကတိုးတိုးတိတ်တိတ်ခေါ်ပြပြီးသူ့ကိုအမြတ်တင်ကာရောင်းလာခဲ့သည်။သူလည်းနည်းနည်းပါးပါးလေ့လာမလို့ပြန်ဝယ်လိုက်တာဖြစ်သည် ...။သူ့စိတ်ထဲမှာအခုနကမြင်လိုက်ရတဲ့ပုံတွေကိုမြင်ပြီးအပူလုံးတွေထကြွလာခဲ့သည်..။

ရိပေါ်အိမ်ကိုပြန်ရောက်လာတော့စာအုပ်ကိုသူ့ခေါင်းအုံးအောက်မှာရှောင်ရှောင်းမမြင်အောင်ဝှက်ထားလိုက်သည်။ပြီးတော့ညနေထမင်းချက်ဖို့အတွက်ပုဆိန်နဲ့ထင်းတွေခွဲနေလိုက်သည်။ရှောင်ရှောင်းကတော့အဘွားမုန့်တို့အိမ်ခဏသွားသည်..။ခြံထဲမှာသူစိုက်ထားတဲ့ဟင်းခပ်ပင်ပေါက်တွေပေါက်နေကြပြီ။အဲ့နားမှာလည်းပေါင်းပင်‌ေတွနှုတ်ရဦးမယ်...။

"ရိပေါ်!!..ငါပြန်လာပြီ"

"နိုင့်နိုင်နေကောင်းတယ်မလားရှောင်ရှောင်း"

"ကောင်းပ..
ရိပေါ်ရေ..
ဘွားဘွားကပြောတယ်သိလား
မိုးရာသီအတွက်နွားကိစ္စကိုစိတ်မပူနဲ့တဲ့
ငှားခမယူဘဲငှားပေးမယ်တဲ့
ငါတို့နှစ်ယောက်ကို‌ငွေများများစုထားကြတဲ့"

"ရှောင်ရှောင်း!
မင်းသွားပြောလိုက်တာမဟုတ်လား"

"ရိပေါ်ကလည်း.."

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)Where stories live. Discover now