Part- 13

24.7K 2.1K 201
                                    

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"

Part- 13

For unicode

"အစ်ကိုရှောင်း..အစ်ကိုရှောင်း!!"

"ကျားစွေ့..
ဘာဖြစ်လာတာလဲ"

"ရိပေါ်ဝမ်ဟောက်ရွှမ်းကိုသတ်ဖို့လိုက်သွားပြီ"

"ဘာ!..
သူဘယ်မှာလဲ"
.
.
.
.
"ခွေးမသားဝမ်ဟောက်ရွှမ်း!!
မင်းထွက်ခဲ့စမ်း"

"မိမဆုံးမ၊ဖမဆုံးမကောင်
ငါ့သားကနင့်ကိုဘာလုပ်လို့လဲဟဲ့"

"ခင်ဗျားသားဘယ်မှာလဲမေးနေတယ်လေ"

"အမလေး..လာကြပါဦးအရပ်ကတော်တို့ရယ်
ဒီမှာဝမ်ရိပေါ်ကျွန်မသားကိုသတ်မလို့လုပ်နေပါတယ်"

ဝမ်ဟောက်ရွှမ်းအမေအသံကြောင့်ရိပေါ်ကိုတားမလို့ရွာထဲကလူကြီးတွေပြေးလာကြသည်။မိန်းမကြီးတွေလည်းချောင်း‌ကြည့်နေပြီးကြောက်လို့ဝင်မပါကြ။ဝမ်ဟောက်ရွှမ်း၊ဝမ်ရိပေါ်ကိုဘာလုပ်လိုက်လဲမှမသိတာ။အဲ့ကလေးကသိပ်ကိုအေးဆေးတဲ့ကလေး။ဒါပေမယ့်ဝမ်ဟောက်ရွှမ်းမိခင်ကအာပြဲကြီးနဲ့အော်နေသည်။အဲ့မိန်းမကြီးကတဆိတ်ကိုတစ်အိတ်လုပ်ပြောတတ်သည်။

ဝမ်ရိပေါ်၊ဝမ်ဟောက်ရွှမ်းအိမ်ထဲမှာပုန်းနေလားလို့တက်ရှာသည်။အိမ်အောက်မှာချည်ထားတဲ့ခွေးနှစ်ကောင်ကလည်းကြိုးဖြေပေးလိုက်ရင်ရိပေါ်ကိုအမဲဖျက်ကြမယ့်ပုံစံနဲ့တဝုတ်ဝုတ်ဟောင်နေကြသည်။အမဲလိုက်ခွေးတွေမို့သွားတွေလည်းချွန်‌ထက်နေကာအကောင်လည်းကြီးသည်။အဲ့ဒါကြောင့်ဝမ်ဟောက်ရွှမ်းတို့အိမ်ကိုဘယ်သူမှမကပ်ရဲကြ။ရိပေါ်ကဟောက်ရွှမ်းအိမ်ပေါ်မှာမရှိတော့ပြန်ပြေးထွက်သွားသည်..။ဒီအချိန်လောက်ဆိုအဲ့ကောင်တွေကြက်တိုက်နေကြလောက်သည်...

ဝမ်ရိပေါ်ခန်းမှန်းထားသည့်အတိုင်းဝမ်ဟောက်ရွှမ်းတို့ကြက်တိုက်နေခဲ့ကြသည်။ရွာထဲကသတင်းရခဲ့လို့သူ့သူငယ်ချင်းတစ်ယောက်ကဝမ်ဟောက်ရွှမ်းကိုလာပြောသည်။

"ဟောက်ရွှမ်း
မင်းပြေးတော့
ဝမ်ရိပေါ်မင်းကိုသတ်ဖို့လိုက်လာနေပြီ"

"ဟားဟား
ငါကအဲ့ကောင်ကိုကြောက်စရာလား
ပွဲမဖြစ်ရတာတောင်ကြာပြီ
အဲ့ကောင်မာနတွေကိုဒီသခင်ကြီးကသေချာပေါက်ရိုက်ချိုးပေးမှာ
စားစရာမရှိဘဲမာနဇွတ်ကြီးနေတာ"

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)Where stories live. Discover now