Part- 34

16.7K 1.7K 131
                                    

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"

Part- 34

For unicode

"ဟင်းရည်ပူတယ် ဖြည်းဖြည်းစားကြပါဗျ
သံဖရာသီးကဒီမှာရှိတယ် ငရုတ်သီးမှုန့်ရောငရုတ်ဆီရောဒီမှာနော်"

မနေ့ကမှာထားတဲ့မုန့်ဖတ်ရောက်‌လာတော့ရိုးရိုးရှင်းရှင်းဆန်‌ခေါက်ဆွဲအဖြစ်ဘဲကျွေးလိုက်တယ်။အဲ့ဒါကဟင်းရည်ချက်တဲ့အခါဟင်းခပ်ငါးကောင်းဖို့တော့လိုတယ်။ရွာမှာကဂျုံရှားတော့ဆန်ကိုဘဲအဓိကထားပြီးမုန့်အမျိုးမျိုးလုပ်စားကြတယ်။ရိပေါ်ချက်တဲ့ဟင်းရည်ကလည်းကောင်းတော့မုန့်ဖတ်ငါးပိဿာ‌နဲ့တောင်မလောက်လိုက်။ခေါက်ဆွဲဖတ်ညှစ်တဲ့အားရီကလည်း‌ေခါက်ဆွဲဖတ်ကိုအကြီးကြီးညှစ်ပေးလိုက်တော့လူကြီးတွေကခေါက်ဆွဲဖတ်ကြီးတာပိုအကြိုက်တွေ့ကြသည်..

မုန့်ဖတ်ညှစ်တဲ့အခါအပေါက်လေးတွေကွာသွားတာနဲ့ခေါက်ဆွဲအကြီးအသေးကွာသွားသည်။ကလေးတွေကတော့‌မုန့်ဖတ်အသေးမျိုးကိုပိုကြိုက်ကြတယ်။ပြီးမှဟင်းရည်ကိုကိုယ်ကြိုက်သလိုချက်ပြီးခေါက်ဆွဲအဖြစ်စားကြတာဖြစ်သည်။ရိပေါ်ကအခုဆန်ခေါက်ဆွဲကိုဂုံးအမျိုးမျိုးရောပြုတ်ထားတဲ့ဟင်းရည်ထည့်ပြီးပင်လယ်စာခေါက်ဆွဲချက်သည်။ဂုံးထည့်ချက်ထားတဲ့ဟင်းရည်ကချိုနေပြီးအနံလေးကမွှေးနေသည်။တရုတ်တွေကအစပ်ကြိုက်ကြတော့လိုရမယ်ရငရုတ်ဆီရည်ပါချပေးထားရသည်။ဘာမှမထည့်ဘဲကြက်သွန်မြိတ်တစ်ခုနဲ့တောင်စားကောင်းနေပြီကို..။ဒါပေမယ့်သူတို့အတွက်ဂုံးကျန်မှကျန်ပါ့မလား..

ရှောင်းကျန့်ခမျာမှာလည်းမနက်တည်းကမနိုးချင်နိုးချင်နဲ့ထလာရပြီးရှောင်းအော်ကိုမနက်စာတောင်အရင်မကျွေးနိုင်ဘဲသူတို့စားဖို့အရင်လုပ်လိုက်ရတယ်လေ။မနက်စာမကျက်သေးဘူးလား၊မကျက်သေးဘူးလားဆိုပြီးလာလာမေးခိုင်းနေတာကိုး။ဒီလောက်အေးစက်နေတဲ့ရာသီဉတုမှာစောင်ထူထူနဲ့ကွေးနေချင်လိုက်တာ..။မဟုတ်လည်းလုပ်အားခရှင်းပေးတဲ့အချိန်ရောက်လိုက်ပါတော့..

"ပါပါ ပါပါ ထုထုအီးအီးပါချင်နေပီ"

"ရှောင်းအော် ပါးပါးမအားဘူးလေကွာ..
သားတျဲတျဲကိုသွားပြောလိုက်နော်"

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)Where stories live. Discover now