"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"
Part- 28
For unicode
"ဝမ်ရိပေါ် !!
ဝမ်ရိပေါ်!!""ကျိလောင် ဘာဖြစ်လာတာလဲဗျ"
"မင်းသားရော..ဘယ်မှာလဲ!!"
"ဘာဖြစ်လို့သူ့ကိုရှာနေရတာလဲ"
"မင်းသားပေါ့
ငါ့သားကိုကျောက်ခဲနဲ့ပေါက်လိုက်တာ
ငါ့သားခေါင်းကွဲလာတယ်
အဲ့ကောင်လေးဘယ်မှာလဲ""စိတ်အေးအေးထားပါဗျာ
ကလေးအချင်းချင်းဘာဖြစ်ကြမှန်းမှမသိတာ""စိတ်အေးအေးမထားနိုင်ဘူးဟေ့
ငါတို့ကခံရတဲ့လူ
မင်းသားကိုလွယ်လွယ်ခွင့်မလွှတ်နိုင်ဘူး""ခွှင့်မလွှတ်နိုင်တော့ခင်များကဘာလုပ်ချင်လဲ"
"အံမာ အံမာ
ဝမ်ရိပေါ် မင်းကမင်းသားကိုဆုံးမမယ်မကြံဘဲမင်းပါအလိုတူအလိုပါဖြစ်နေတယ်ပေါ့"အပြင်ကလူကြီးနှစ်ယောက်ရဲ့အသံကြောင့်ရှောင်းကျန့်ပါအိမ်ရှေ့ထွက်လာခဲ့ရသည်။ဘေးအိမ်ကလူတွေလည်းဘာဖြစ်တာလဲလို့ထွက်ကြည့်နေကြပြီ။
"စောအော် စောအော် မင်းလာခဲ့စမ်း"
"အီးဟီး တျဲတျဲ"
စောအော်ကအပြင်မှာရန်ဖြစ်လာကတည်းကကြောက်လို့အိမ်ထဲမှာဝင်ပုန်းနေတာ။တျဲတျဲဒေါသထွက်ရင်စောအော်လည်းကြောက်ပါတယ်။စောအော်ကအပြင်ထွက်လာပြီးသူ့ပါးပါးပေါင်ကိုဖက်ကာနောက်မှာပုန်းနေသည်။
"စောအော် ဘာဖြစ်လာတာလဲ
ပါးပါးကိုပြော""အဲ့ဦးကြီးသားပေါ့
သားတို့ကစားနေတာကိုလာလာဖျက်တယ်
သားတို့ကိုအနိုင်ကျင့်ပြီးခိုင်းလည်းခိုင်းစားတယ်
သားတို့ကအဲ့လူကြီးတွေနဲ့မကစားဘူး
သူတို့ကကစားရင်ညှာလည်းမညှာဘူး""ဘာလို့ခဲနဲ့ပေါက်လိုက်တာလဲငါ့ကိုပြော.."
"အီးဟီး တျဲတျဲ..
သားခဲနဲ့မပေါက်ချင်ဘူး
သူတို့ကတျဲတျဲနဲ့ပါးပါးနာမည်နဲ့သားကိုဆဲလို့
ဝမ်ရိပေါ် ရှောင်းကျန့်ဆိုပြီး
ပြီးတော့ဒန့်တန့်တန့်ဆိုတာလည်းပါသေးတယ် ဟီး"
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Fiksi Penggemar"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...