"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"
Part- 36
For unicode
"ရိပေါ် ငါမင်းအတွက်ကဗျာစပ်ထားတယ်သိလား"
"ဟုတ်လား.."
"အင်း မင်းနားထောင်ချင်လား"
"အင်း.."
"ကလေးကဗျာနဲ့တူပေမယ့်မင်းသေချာနားထောင်ရမယ်နော်"
"အင်းပါ.."
ရှောင်းကျန့်ကရိပေါ်ပုခုံးပေါ်မှာရှောင်းအော်လေးအိပ်ပျော်နေပြီလားသေချာကြည့်သည်။အိမ်မှာနေ့တစ်ဝက်နေပြီးတာနဲ့အလုပ်ကိုညစာချက်ဖို့အမှီပြန်ရပြန်သည်။စောအော်လေးကတော့မခွဲချင်ခွဲချင်သူ့အဘွားနဲ့ကျန်နေခဲ့သည်။အလုပ်ပိတ်ရက်တစ်ရက်ကအချိန်ကုန်တာမြန်လိုက်တာ။ရှောင်းကျန့်ပြန်ကိုမပြန်ချင်တော့ပါဘူး...။ဒါပေမယ့်စိတ်ထဲမှာတစ်နေ့ဝင်ငွေကိုတွက်ရင်းအားတင်းထားရတယ်..
"ဒါဆို ငါဆိုတော့မယ်
မင်းမရယ်ရဘူးနော်""ကိုယ်မရယ်ဘူး.."
"အဟမ်း.."
ရှောင်းကျန့်ကတံတွေးတစ်ချက်မြိုချလိုက်ပြီးကကဗျာရွက်တယ်...
"ရိပေါ် ရိပေါ် ဝမ်ရိပေါ်..
လယ်သမားလေးဝမ်ရိပေါ်
လထုတ်ကြီးတဲ့ဝမ်ရိပေါ်..အား!"ရိပေါ်ကကလေးချီထားရင်းရှောင်းကျန့်ကိုအားနဲ့ဆွဲလှည့်ကာရင်ချင်းဆွဲကပ်ပြစ်သည်။ရှောင်းကျန့်ကနှာခမ်းလေးစူရင်းရိပေါ်နဲ့မျက်လုံးချင်းဆုံအောင်စိုက်ကြည့်သည်။ ရိပေါ်အကြည့်တွေကနက်ရှိုင်းပြီးတောက်ပနေသည်။ ရိပေါ်ကသူ့ကိုကြည့်နေရင်းနှာခမ်းကပြုံးရိပ်သန်းလာကာမျက်လုံးတွေကပါရယ်မြူးရိပ်သန်းနေသည်...။ ရှောင်းကျန့်ကနှာခမ်းကိုက်ရင်းရိပေါ်ကိုမျက်လုံးလေးလှန်ကြည့်ပြန်သည်..
"ဘာလဲ! မကြိုက်လို့လား"
"ကဗျာမှာဘာလို့ကိုယ့်ဟာကြီးတာပါနေရတာလဲ"
"ငါကမှန်တာဆိုတာဘဲလေ.."
"ရှောင်းရာ မင်းကိုယ့်ကိုစမ်းနေတာလားကွာ"
"ဘယ်မှာစမ်းမိလို့လဲ ကဗျာလေးဘဲဟာကို"
"သူများတွေကြားသွားရင်ရှက်စရာကြီး ပြောင်းဆိုပါကွာ နော်
ကိုယ်နဲ့နှစ်ယောက်တည်းဆိုရင်ရှောင်းကြိုက်သလိုဆိုလေ.."
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Fanfic"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...