"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"Part- 1
ရိပေါ်အသက်၅နှစ်။သူ့တို့ရွာကိုမြို့ပေါ်ကသခင်ငယ်လေးတစ်ယောက်ရောက်လာခဲ့တယ်။ရိပေါ်တို့သူငယ်ချင်းတစ်စုလည်းသွားစပ်စုကြတာပေါ့။ရွာတွေမှာကမြို့ပေါ်ကအလည်လာတဲ့လူတွေကိုဆိုအထင်ကြီးကြတယ်လေ။
ရိပေါ်မှာကပါးပါးမရှိတော့ဘူး။ရိပေါ်မားမားကလည်းရိပေါ်ကိုသိပ်ချစ်တယ်။ရွာထဲမှာရိပေါ်ကညစ်ပတ်အိုးလေး။ရိပေါ်မားမားကအလုပ်မအားလို့ရိပေါ်အဝတ်တွေကိုမလျှော်ပေးနိုင်ဘူး။ရိပေါ်ကိုယ့်အားကိုယ်ကိုးရတော့အဝတ်တွေကဖားဉတွေစွဲပြီးညစ်ပတ်နေတယ်။အရမ်းလည်းဆော့တော့နဂိုဖြူနေတဲ့အသားအရည်ဟာညိုနေပြီးညစ်ပတ်အိုးမှန်းသိသာနေတယ်...။
မြို့ပေါ်ကရောက်နေတဲ့ကောင်လေးကတော့ရိပေါ်နဲ့ဆန့်ကျင်ဘက်အရမ်းဖြူစင်သန့်ရှင်းတယ်။ဘွားဘွားမုန့်ပြောတာကတော့အသက်၇နှစ်ရှိပြီတဲ့။ယုန်သွားအကြီးကြီးနဲ့အရမ်းချစ်ဖို့ကောင်းတာဘဲ။အသားလည်းဖြူနေပြီးဝတ်ထားတဲ့အဝတ်တွေလည်းဖြူစင်သန့်ရှင်းနေတယ်။ဆံပင်တွေကိုလည်းသပ်သပ်ရပ်ရပ်စည်းထားပြီးနှစ်လိုဖွယ်ဖြစ်နေတယ်။
ထိုသခင်လေးကသူတို့ကိုမြင်တော့နှာခေါင်းရှုံ့တယ်။သူတို့ကသူနဲ့ဆန့်ကျင်ဘက်အရမ်းညစ်ပတ်နေတယ်လေ။ဆံပင်တွေလည်းရှုပ်ပွနေတာဘဲ။ခေါင်းလည်းမလျှော်ဘူးလားမသိဘူး။အဲ့ဒီ၅ယောက်ထဲကမှသူ့ကိုစူးစိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်ကအဆိုးဆုံးဘဲ။ရှောင်းကျန့်ကညစ်ပတ်တာကိုအရမ်းမုန်းတယ်...။
"ကျန့်အာ..သူငယ်ချင်းတွေကိုနှုတ်ဆက်လိုက်ဦးလေ"
"ဟွန့်.."
"သူတို့ကသားနဲ့ကစားဖို့လာခေါ်ကြတာ"
"ငါကရှောင်းကျန့်ပါ"
ဒါပေမယ့်ရှောင်းကျန့်လေးကသူ့ရဲ့လိမ်မာယဉ်ကျေးတဲ့ပုံစံကိုတော့ထိန်းထားသေးတယ်။
"ငါကဝမ်ရိပေါ်
ရှောင်းကျန့်မင်းအရမ်းလှတာဘဲ""ဟိ..ဟိ
ဟုတ်တယ်
ရိပေါ်ပြောတာဟုတ်တယ်"
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Fanfic"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...