Part- 31

18.1K 1.8K 143
                                    

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"

Part- 31

For unicode

"ပါးပါး ထမင်းချမ်းရော
ထမင်းချမ်း"

"အိုးထဲမှာမရှိတော့ဘူးလား"

"မရှိတော့ဘူး ဟင့်"

"ကလေးလည်းမဟုတ်တော့ဘူး
ထမင်းချမ်းမကျန်တာနဲ့ဘဲငိုစရာလား
ပါးပါးညနေစောစောချက်ပေးမယ်နော်
စောအော်"

"သားသူငယ်ချင်းတွေစောင့်နေကြတယ်.."

"ရော် အာ့ဆိုလည်းသားဘွားဘွားကြီးအိမ်မှာသွားရှာကြည့်ချည်လေ.."

"ဘွားလတ်မြေးနဲ့သားနဲ့မတည့်ဘူး.."

"အာ့ဆိုလည်းပါးပါးဟိုဘက်အိမ်မှာမေးကြည့်လိုက်မယ်
ထမင်းကသားတျဲတျဲနဲ့ဘွားဘွားစားသွားတာဖြစ်မယ်"

စောအော်မျက်နှာကထမင်းချမ်းမကျန်လို့ငိုတော့မယောင်ဖြစ်နေသည်။အဲ့ဒါနဲ့ဘဲရှောင်းကျန့်ဟိုဘက်အိမ်မှာထမင်းချမ်းနည်းနည်းတောင်းလိုက်သည်။

"ဗျို့ ဒေါ်ဒေါ်"

"အေး ဘာကိစ္စရှိလို့လဲရှောင်းကျန့်"

"ထမင်းချမ်းမကျန်ဘူးလားဗျ"

"ကျန်တော့ကျန်သေးတယ်
ယူချင်ယူသွား
ငါ့သမီးစားဖို့နည်းနည်းထားခဲ့လေ"

"ကျေးဇူးပါဒေါ်ဒေါ်
စောအော်တစ်ယောက်စာလေးပါဘဲ"

"‌ရတယ် ရတယ်
ယူသွား"

ရှောင်းကျန့်ကထမင်းတစ်ခွက်စာယူလာတော့စောအော်မျက်နှာကချက်ချင်းဝင်းပသွားသည်။ဒီအရွယ်ဆိုတော့လည်းအလုပ်မရှိကစား၊ကစားပြီးဗိုက်ကပြန်ဆာ၊အဲ့လိုနဲ့သံသရာလည်နေသည်။ရှောင်းကျန့်ကအခုတလောခေါင်းမူးချင်နေသည်။အထိုင်အထလုပ်တိုင်းခေါင်းကမူးခနဲ့ဘဲ။

ဆောင်းရာသီလည်းဝင်နေပြီမို့လို့ချမ်းလည်းအတော်ချမ်းနေပြီ။ရိပေါ်ကဒီနေ့နောက်ဆုံးအသုတ်စပါးခင်းသိမ်းတာကိုအပြီးသတ်နေသည်။လယ်နှစ်ကွက်ထပ်ဝယ်လိုက်တော့အရင်ထက်လည်းအလုပ်ပိုများသွားသည်။

"စောအော် ပါးပါးတဲကိုသွားဦးမယ်နော်
ညီလေးကိုကြည့်ထားဦး"

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)Where stories live. Discover now