Part- 21

21.1K 2.1K 116
                                    

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"

Part- 21

For unicode

"သခင်လေး..
အပြင်မှာဟိုကောင်လေးရောက်နေပါတယ်"

"အေး..အေး"

"တျဲတျဲရောက်နေပြီတဲ့..စောအော်လေးဖို့နွားနို့ပါလာပြီ
ငြိမ်ငြိမ်နေခဲ့နော်
ပါးပါးခဏဘဲကြာမှာ"

"ကျဲ..ငါ့သားကိုခဏကြည့်ထားပေးပါဦး"

"အေး..အေး"

ရှောင်းကျန့်ကလေးသိပ်နေမကောင်းချင်သေးတော့အပြင်ကိုမခေါ်ချင်တော့။သမားတော်ကြီးပေးတဲ့ဆေးနဲ့တည့်လို့အမြန်သက်သာသွားပေမယ့်လေစိမ်းတွေတိုက်ရင်ပြန်နေမကောင်းဖြစ်သွားလိမ့်မယ်။

"ရိပေါ်!!"

"ရှောင်း.."

ရှောင်းကျန့်ကရိပေါ်ခါးကိုဖက်ထားပြီးရိပေါ်ကိုယ်သင်းနံ့ရမှရင်ထဲအေးမြသွားရသည်။မနေ့ညကရိပေါ်တစ်ယောက်တည်းဘယ်မှာများအိပ်နေမလဲလို့သူ့မှာစိတ်ပူလိုက်ရတာ။ဘာမှမဖြစ်လို့တော်ပါသေးတယ်...

"ရိပေါ်..မနေ့ကမင်းဘယ်မှာအိပ်နေတာလဲဟင်"

ရိပေါ်ကရှောင်းခါးသေးသေးလေးကိုလက်တစ်ဖက်နဲ့ပွေ့ထားပြီးခေါင်းကိုလည်းတရှုံ့ရှုံ့ငုံ့နမ်းသည်။

"မနေ့ကကိုယ်ခရီးသွားတွေနားတဲ့ဇရပ်မှာဘဲအိပ်လိုက်တော့တာ
မြင်းလှည်းနားတဲ့နေရာကဝေးတော့လေ"

"အင်း..ချမ်းကချမ်းနဲ့..
မင်းအိပ်လို့ရောပျော်ရဲ့လား"

"ကိုယ့်ရှောင်ရှောင်းလေးမရှိတော့အိပ်လို့တော့သိပ်မပျော်ဘူးပေါ့ကွာ
ဒါနဲ့ကိုယ်တို့သားလေးရော.."

"သားကသက်သာပါတယ်
နည်းနည်းတော့နုံးနေသေးတယ်
နွားနို့ဝယ်လာတယ်မလား..
ငွေရောရှိသေးရဲ့လား
မနေ့ကမင်းညစာလည်းမစားလိုက်ရဘူး
အခုရောဘာစားပြီးပြီလဲ"

"ကိုယ်ပေါက်စီစားထားတယ်
မင်းအတွက်လည်းအသားပေါက်စီနဲ့သားအတွက်နွားနို့ဝယ်လာတယ်
မြို့ရောက်တုန်းပေါက်စီများများစားထား
ရွာမှာပေါက်စီမစားရဘူး"

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)Where stories live. Discover now