"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"
Part- 33
For unicode
နောက်နေ့မနက်မှာတော့ရိပေါ်ကသူများတွေထက်အရင်အစောကြီးနိုးလာတယ်။
"ရှောင်း ထတော့..
ကိုယ်တို့လုပ်စရာရှိတာလုပ်ရဦးမယ်""အင်း ဟင်း အိပ်ချင်သေးတယ်"
ရှောင်းကျန့်ကရှောင်းအော်ကိုသူ့ရင်ခွင်ထဲဖက်ထားရင်းမျက်လုံးတွေမှိတ်သွားပြန်တယ်။ရိပေါ်ကလည်းရှောင်းကိုနှိုးမရလို့မနှိုးတော့။အဲ့ဒါကြောင့်သူတို့ထမင်းချက်အဖွဲ့ကောင်လေးတွေကိုနှိုးပြီးမီးထွန်းတယ်။ပြီးတော့သူ့အသက်ကလေးနှစ်ယောက်ကိုစောင်ထူထူလုံအောင်ပြန်ခြုံပေးပြီးသူတို့ကတော့မျက်နှာသစ်ဖို့ဟိုစမ်းချောင်းနားကိုသွားရတယ်။သူတို့စခန်းချတဲ့နေရာကရေမခမ်းသေးတဲ့စမ်းချောင်းနဲ့နီးတယ်။အဲ့နားမှာဘဲထမင်းချက်တဲ့အခါရေအဆင်ပြေအောင်အဲ့ရေကိုဘဲသုံးရတော့မှာဘဲ။အမတ်တွေစခန်းချတဲ့နေရာကလည်းရေသုံးရအဆင်ပြေအောင်ဒီနေရာနဲ့နီးတဲ့နေရာမှာဘဲရွက်ဖျင်တဲဆောက်ထားတယ်။
တောင်ရိပ်၊သစ်ရိပ်ဝါးရိပ်ကောင်းလို့လည်းနားနားနေနေနေဖို့အဆင်ပြေတယ်။ဆည်တမံဆောက်မယ့်နေရာကတော့ဟိုဘက်မှာ။လယ်သမားတွေဆီကမြေဝယ်ပြီးတောင်ပေါ်မှာချောင်းလိုကန်လိုမျိုးဆောက်မှာထင်တယ်..
ဆောင်းရာသီမို့လို့အေးစက်စက်ရေနဲ့ဘဲမျက်နှာသစ်ရတယ်။အရမ်းအေးလို့ထမင်းချက်တွေရေကိုင်ရမှာကိုတွန့်ဆုတ်နေကြတယ်။တောင်ပေါ်ကစီးလာတဲ့ရေဖြစ်လို့သန့်တော့သန့်တယ်။နွေရာသီလောက်မှရေခမ်းမှာ..။ချိုးရေကိုအောက်ဘက်တစ်ဆင့်နိမ့်တဲ့ရေမြောင်းမှာချိုးလို့ရပြီးသုံးဖို့ရေကိုအပေါ်ဘက်မှာသုံးရမယ်ဆိုပြီးကန့်သတ်ထားတယ်။သောက်ရေကိုတော့ရွာကလာဖြည့်ပေးတယ်ပြောတယ်..
ရိပေါ်ကရွာကထင်းသွားဝယ်ဖို့အငယ်နှစ်ယောက်ကိုခိုင်းလိုက်တယ်။ခိုင်းဖို့ခေါ်လာတဲ့အငယ်ဆုံးမုလုံလေးကိုတော့သူသနားလို့မနှိုးခဲ့သေးပါ။သူ့သားကြီးထက်၄နှစ်လောက်ဘဲကြီးလိမ့်မယ်။မုလုံလေးကဖင်ပေါ့ပေါ့နဲ့ခိုင်းလို့လည်းကောင်းသည်။ရိပေါ်ကအဲ့အရွယ်လေးတွေကိုစာနာလို့မခိုင်းချင်ပါ။ဒါပေမယ့်သူ့ရှောင်ရှောင်းကိုတော့နှိုးမှဖြစ်တော့မယ်။မဟုတ်ရင်အငယ်တွေကြားမှာကလေးကြီးကအိပ်နေလို့အငယ်တွေမကျေမနပ်ဖြစ်ကြလိမ့်မယ်..
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Fanfiction"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...