"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"
Part- 29
For unicode
ရိပေါ်ပင်လယ်ထဲရောက်နေတာလဝက်ခန့်ရှိပြီ။နေ့စဉ်နဲ့အမျှအိမ်ကိုလွမ်းတယ်၊သူ့ကိုစိတ်ကောက်ပြီးစကားမပြောတဲ့ရှောင်ရှောင်းကိုရောသူ့မားမားကိုရော၊သူ့သားနှစ်ယောက်ကိုပါရိပေါ်အရမ်းလွမ်းပါတယ်။ပင်လယ်ထဲမှာသူ့အလွမ်းတွေကိုဖြေဖျောက်စရာနေရာမရှိဘူး။ကောင်းကင်အောက်မှာကြယ်တွေကိုရေတွက်ရင်းနဲ့ဘဲနေ့ရက်တိုင်းကိုအထီးကျန်စွာဖြတ်သန်းနေရပါတယ်။
တစ်နေ့ထက်တစ်နေ့တစ်ရက်တာအချိန်ကအရမ်းကုန်ခဲသလို့ခံစားရတယ်။မနက်အိပ်ရာထအချိန်ကပင်တစ်ရက်လုံးပင်ပန်းကြီးစွာအလုပ်လုပ်ရတယ်။ရိပေါ်ပင်ပန်းတယ်လို့မညီးညူရက်ပါဘူး။သူပင်ပန်းထားသမျှကငွေရဖို့အတွက်ဘဲ။သူ့မှာသားနှစ်ယောက်နောင်ရေးရှိသေးတယ်။သားနှစ်ယောက်ကြီးလာရင်ပြည့်ပြည့်စုံစုံနဲ့ဖြစ်မှသူများသားသမီးကိုလက်ထပ်ယူတဲ့အခါသူ့လိုမျက်နှာမငယ်ရမှာ။အခုထိသူသူ့ယောက်ခမကိုပေးထားတဲ့ကတိကိုမတည်နိုင်သေးပါ။ရှောင်းကိုခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားချင်သော်လည်းသူ့နဲ့ရပြီးတဲ့နောက်ပိုင်းရှောင်းကမလုပ်ဖူးတဲ့အလုပ်တွေကိုတောင်လုပ်လာရသေးတယ်..
အဲ့ဒါတောင်ရိပေါ်ကရှောင်းကိုစိတ်ချမ်းသာသာမထားနိုင်သေးဘူး။သူရှောင်းစိတ်ဆိုးအောင်လုပ်မိသွားတယ်။သူ့သင်္ဘောလိုက်လာတဲ့နေ့ကရှောင်းမျက်နှာငိုတော့မယောင်ဖြစ်နေတယ်။သူကလည်းဦးဖေးလျန်ကိုကတိပေးပြီးသားဖြစ်နေပြီဆိုတော့ယောက်ျားကတိကိုတည်အောင်ကြိုးစားရမယ်။နောက်ရှောင်းကိုမပြောဘဲဘာမှမလုပ်တော့ပါဘူး။ပြန်လာရင်ရှောင်းအတွက်အကောင်းဆုံးယောက်ျားတစ်ယောက်ဖြစ်လာစေရပါမယ်..။
"ရိပေါ် မိသားစုကိုလွမ်းနေပြီလား"
"ဟုတ်တယ်ဦးဖေးလျန်
ကျုပ်သားနှစ်ယောက်သူ့ပါးပါးကိုစိတ်ညစ်အောင်လုပ်နေကြပြီလားမသိဘူး""မင်းသားတွေကလိမ်မာပါတယ်ကွာ.."
"အခုတလောသူတို့နဲ့အိပ်မက်ထဲမှာဘဲတွေ့နေရတယ်
နေမှကောင်းရဲ့လားမသိဘူး"
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Fanfiction"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...