Part- 27

19K 1.8K 166
                                    

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"

Part- 27

For unicode

"ဟွန့် ပြဇာတ်ကလည်း
ဘယ်လိုမှန်းကိုမသိဘူး"

"ကျဲ နင်မြင်တယ်မလား
ပရိတ်သတ်တွေဆီကမျက်ရည်ချူပြီးငွေကောက်တာ"

"အေး မြင်တယ်
ငါလည်းမထည့်လိုက်ဘူး
မယားပါသားကိုရိုက်နှက်ပြီးပရိတ်သတ်ဆီကငွေတောင်းခိုင်းတာလေ
အဲ့လူကြီးပြောင်းဖူးရိုးနဲ့ပစ်ခံရတာတောင်နည်းသေးတယ်
ဒါပေမယ့်ပရိတ်သတ်ဆီကမျက်ရည်ချူပြီး‌ငွေကောက်ခိုင်းတာကျတော့ဇာတ်သမားတွေရဲ့အလိမ်အညာဖြစ်သွားပြီပေါ့ဟာ"

"ဒါပေမယ့်မယားပါသားကိုသနားပြီးငွေထည့်လိုက်တဲ့လူတွေကျတော့.."

"ကိုယ်နဲ့မဆိုင်တာထားလိုက်ပါတော့ဟာ"

"ဒါပေမယ့်ပြဇာတ်တွေကဘာလို့မျက်ရည်ချူလို့ကောင်းတဲ့ပြဇာတ်တွေချည်းဘဲကကြတာလဲလို့
ငါတော့တစ်ခါတစ်လေသူများနဲ့မတူတဲ့ပြဇာတ်မျိုးကိုကြည့်ချင်လိုက်တာ
ပျော်ပျော်ပါးပါးပေါ့
အခုတော့ကြည့်လိုက်တိုင်းအဲ့လိုဝမ်းနည်းစရာကောင်းတဲ့ပြဇာတ်မျိုးတဲ့ချည်းဘဲ
ခံလိုက်ရတဲ့တစ်ယောက်ဆိုလည်းနောက်ဆုံးအချိန်ထိခံရတုန်း"

"ဟုတ်ပ ဟုတ်ပ
အဘိုးကြီး အဒေါ်ကြီးတွေဘဲအဲ့လိုမျိုးကြိုက်ကြမယ်
ငါတော့မကြိုက်ပါဘူး"

ရှောင်းကျန့်တို့မောင်နှမနှစ်ယောက်ကအဲ့လိုမျိုးဘဲ။အတိုင်အဖောက်ညီညီနဲ့မနေ့ညကကြည့်ခဲ့တဲ့ပြဇာတ်အကြောင်းဆွေးနွေးနေကြတယ်။

"ပြဇာတ်ကငိုရတယ် ကောင်းတယ်
ဒီလိုထိထိမိမိပြဇာတ်မျိုးမှကောင်းတာ"

ရွာထဲကကောင်မလေးတစ်ယောက်မနေနိုင်မထိုင်နိုင်ဝင်ပြောတော့ရှောင်းကျဲကလည်းပြန်ရှင်းပြန်သည်။

"ဟယ် နင်အော်ပရာဇာတ်ကောင်းကောင်းမျိုးမကြည့်ဖူးသေးလို့
ငါတို့မြို့ကိုလာလည်ရင်ငါလိုက်ပြမယ်
အဲ့ဒါမှဒီလိုဇာတ်တွေနဲ့အကွာကြီးကွာတာနင်သိသွားမှာ
ဒီပြဇာတ်မှာမယားပါသားကိုရိုက်နှက်ပြီးမျက်ရည်ချူနေတာဘဲပါတာ
အဲ့ပြဇာတ်မှာဘာများပါသေးလို့လဲ
အဲ့အရက်သမားပထွေးတစ်ယောက်ဘဲသူများသားသမီးကိုနှိုက်စက်နေတာမဟုတ်လား
ဟိုမကြီးမငယ်မယားပါသားကလည်းနောက်ပိုင်းဘာဖြစ်သွားမှန်းမသိဘူး
သက်သက်မျက်ရည်ချူတာဘဲရှိတာ
ဒီရင်ထဲတော့မတိုးဘူးဟေ့"

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)Where stories live. Discover now