Part- 30

22.1K 1.9K 296
                                    

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"

Part- 30

For unicode

"ကိုယ့်ကိုစိတ်ကောက်ပြေဖို့အဲ့လောက်တောင်ခက်နေလားဟင် ရှောင်း"

ရှောင်းကျန့်ကမဖြေ။ဒါပေမယ့်ငိုချင်တာကိုအောင့်ခံထားရတော့ပုခုံးလေးတောင်တုန်ချင်နေသည်။ရိပေါ်ကလည်းရှောင်းကျန့်ဆီကဖြေသံမကြားရတော့အိပ်ရာကထသွားပြီးမီးထွန်းသည်။မီးထွန်းလိုက်မှရှောင်းကျန့်မျက်နှာကမျက်ရည်တွေနဲ့စိုလူးနေပြီးနှာခမ်းကိုဖိကိုက်ထားတာကတဆက်ဆက်တုန်ယင်နေသည်။

"ရှောင်း ဘာလို့ငိုနေတာလဲ"

"ဟင် ကိုယ့်ကိုပြောပါဦး
ဘာလို့ငိုနေတာလဲ"

ရှောင်းကျန့်ကရိပေါ်လည်းသူငိုနေတာသိသွားပြီဆိုတော့မျက်ရည်တွေကိုလွတ်လွတ်လပ်လပ်ကျဆင်းခွင့်ပြုလိုက်သည်။ရှိုက်သံတွေကိုမထိန်းနိုင်တော့တဟင့်ဟင့်အသံတောင်ထွက်လာခဲ့သည်။

"ရှောင်း ကိုယ့်ကိုလျစ်လျူရှုမထားပါနဲ့"

"ရှောင်း ကိုယ်တောင်းပန်ပါတယ်
နောက်တစ်ခါလိုက်မသွားတော့ပါဘူး
ကိုယ်ကတိပေးပါတယ် မငိုပါနဲ့တော့ကွာ"

ရိပေါ်ကရှောင်းကျန့်အငိုမရပ်တော့အလယ်ကအိပ်နေတဲ့ရှောင်းအော်မနိုးသွားအောင်အသာမချီပြီးမားအခန်းဘက်ကူးလာခဲ့သည်။

"မား ရှောင်းအော်ကိုဂရုစိုက်ပေးပါဦး
သူညဘက်အိပ်ရင်စောင်ကို‌ကန်ထုတ်တတ်လို့ခဏခဏထခြုံပေးရတယ်
ဒီနေ့တစ်ရက်တော့ဂရုစိုက်ပေးပါဦး"

"အေး အေး
ရှောင်ရှောင်းလေးကသားကိုစိတ်မဆိုးတော့ပါဘူး
ဒီနေ့မှဘာဖြစ်လဲမသိဘူး မျက်နှာမကောင်းဘူးဖြစ်နေတယ်
သားသေချာချော့လိုက်ဦး"

"ဟုတ်ကဲ့ မား"

ရိပေါ်ကိုယ့်အခန်းထဲပြန်ဝင်လာတော့ရှောင်ရှောင်းကအခုနကအတိုင်းပုံစံမပျက်ဟိုဘက်စောင်းအိပ်နေတုန်းဘဲ။ရိပေါ်ကုတင်ပေါ်တက်လာပြီး‌ေဘးတစ်စောင်းအိပ်နေသောရှောင်းအပေါ်ကနေသူ့ကိုယ်ကြီးနဲ့တက်ဖိထားလိုက်သည်။

"‌အရင်တစ်ခေါက်တုန်းကကိုယ်ကတိပေးပြီးသားဖြစ်နေလို့ပါ
ရှောင်းစကားနားမထောင်တာမဟုတ်ရပါဘူး
ယောက်ျားကတိပါ
ယောက်ျားကတိကတည်ခဲစေ၊မြဲစေပါတယ်
ကိုယ့်ကတိစကားယူပြီးကိုယ့်ကိုစိတ်ဆိုးပြေပါတော့ နော်ရှောင်း"

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)Where stories live. Discover now