"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"
Part- 6
For unicode
"အားကျန့်...
သားသူနဲ့လိုက်သွားချင်တာသေချာပြီလား"ရှောင်းမားမားကလည်းမျက်ရည်ကျလာသည်။သူတို့သားကအလိမ်မာတုံးလေး။မိဘကိုဒီလိုမျိုးတစ်ခါမှပြန်မပြောဖူးဘူး။အခုတော့အချစ်အတွက်မိဘကိုတောင်ပြန်ပြောတတ်နေပြီ။သူမတုန်းကလည်းမားကိုထားပြီးရှောင်းပါးပါးနောက်ကိုလိုက်လာခဲ့မိတာဘဲ။
"ယောက်ျား..."
"မင်းအသာနေ.."
"သားသူ့ကိုချစ်တယ်ပါး.."
"အာ့ဆိုလိုက်သွားတော့!.."
"ယောက်ျား!!.."
"မင်းနောင်တရတဲ့အခါပြန်လာခဲ့..
ယောက်ျားနှစ်ယောက်ကြားကအချစ်ကဘယ်လောက်ခံမှာမို့လဲ""သားသူနဲ့လိုက်သွားရင်သားမှာမျိုးဆက်မရနိုင်တော့ဘူး.."
"မင်းကိုအသာနေလို့ပြောထားတယ်လေ!!"
ရှောင်းပါးပါးကသူ့မိန်းမကိုပိတ်ဟောက်သည်။
"မင်းတို့နှစ်ယောက်အတွက်ငါတို့ဆီကဘာအထောက်အပံ့မှရမှာမဟုတ်ဘူး
အစကနေကြိုးစားကြ
ငါမင်းတို့ကိုစောင့်ကြည့်နေမယ်""ပါး..."
"ဝမ်ရိပေါ်..မင်း!
မင်းယောက်ျားကတိကိုတည်ပါစေ""စိတ်ချပါဗျာ..."
သူ့အခန်းထဲကနေပါးတို့တွေအလျိုလျိုထွက်သွားခဲ့ကြသည်။နောက်ဆုံးအခန်းထဲမှာသူတို့နှစ်ယောက်ဘဲကျန်တော့တဲ့အထိ..။
"ကောင်စုတ်လေး..
မင်းပြန်မချတတ်ဘူးလား""ရှောင်ရှောင်းအစ်ကိုကိုကျွန်တော်ကဘယ်လိုလုပ်ပြန်ချရဲမှာလဲ"
သူ့အစ်ကိုလက်ချက်ကြောင့်နှာခမ်းထောင့်တွေလည်းကွဲသွားသည်။သူမမြင်ရသေးတဲ့ဗိုက်မှာလည်းသေချာပေါက်အညိုအမဲစွဲသွားလောက်မှာ...။သူစာအုပ်တစ်အုပ်နှစ်အုပ်နှင့်အဝတ်တစ်စုံနှစ်စုံထုတ်လိုက်သည်။
"ရိပေါ်..မင်းငါ့ကိုတာဝန်ယူချင်ရဲ့လားဟင်"
"ရှောင်ရှောင်း..
မင်းမိဘရှေ့မှာပေးထားတဲ့ကတိကိုငါ့အသက်နဲ့ရင်းပြီးတောင်တည်အောင်ကြိုးစားသွားမှာပါ
ငါ့လက်ကိုမလွှတ်ပေးခဲ့လို့ကျေးဇူးပါကွာ"
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Fanfic"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...