"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"
Part- 11
For unicode
"သောက်လာပြန်ပြီဒီအရက်.."
ဝမ်ရိပေါ်အိမ်ထဲဝင်ဝင်ချင်းရှောင်းကျန့်ကခါးလက်ထောက်ပြီးစဆူသည်။မားမားကလည်းဘာမှဝင်မပြော။ရှောင်းကျန့်ပထမနေ့ကဘာမှမပြောဘဲကြည့်နေလိုက်သေးသည်။ဒုတိယရက်လည်းသူဘာမှမပြောသေး၊အခုဒီနေ့ပါထပ်သောက်လာသေးသည်။
ရိပေါ်ကသူ့ဘွားဘွားတို့အိမ်မှာပျိုးစနှုတ်ရတော့သူ့ဦးကြီးကဝမ်ရိပေါ်ကိုတစ်ခွက်တစ်ဖလားသောက်ခိုင်းတယ်လို့ပြန်ပြောပြသည်။ပထမရက်တုန်းကအားနာနာနဲ့သောက်ခဲ့တာတဲ့။ဒုတိယရက်ကလည်း"အရက်နည်းနည်းသောက်ရင်ထမင်းစားဝင်ပြီးပိုပြီးလည်းအပင်ပန်းခံနိုင်တယ်"လို့သူ့ဦးကြီးပြောပါသတဲ့။တူမလား..ဟိုကဝါရင့်အရက်သမားကြီး။သူများယောက်ျားကိုဖျက်လိုဖျက်စီးလုပ်နေတာ..။
အစကတော့ဝမ်ရိပေါ်ဆက်မသောက်လောက်တော့ပါဘူးဆိုပြီးသူသည်းခံထားလိုက်တာ။ရိပေါ်ကအခုမှ၁၈နှစ်တောင်မပြည့်သေးဘူး။ရွာတွေမှာကဒီအသက်အရွယ်လေးနဲ့အိမ်ထောင်ကျတာကအဆန်းမဟုတ်တော့ဘူး။သူ့ရိပေါ်ကအရက်တောင်မြည်းတက်လာပြီ။သူများတွေလည်းဒီလိုမသောက်တတ်၊သောက်တတ်သောက်ရာကနေအရက်ဂျိူးဖြစ်ကုန်ကြတာ..။
ရှောင်းကျန့်မျက်နှာတော်တော်ပျက်နေသည်။မားလက်ထက်မှာရိပေါ်မပျက်စီးဘဲသူ့လက်ထက်ကျမှအရက်တွေသောက်တတ်လာတာ။သူ့ကြောင့်အရမ်းပင်ပန်းလာလို့လား။ရှောင်းကျန့်မျက်ရည်တွေဝဲလာပြီးကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။အသက်တောင်မပြည့်သေးတဲ့ကလေးကိုသူတာဝန်တွေပေးခဲ့တာ..။ထိန်းထားတဲ့ကြားကနေမျက်ရည်တစ်စက်ကပေါက်ခနဲကျသွားခဲ့သည်..။
ဝမ်ရိပေါ်ကအူရိုင်းလေးမို့တစ်ခွက်နှစ်ခွက်သောက်ခဲ့တာတောင်တော်တော်မအီမသာဖြစ်နေမိသည်။ဒါပေမယ့်အသိစိတ်မဲ့ရအောင်အထိတော့မဖြစ်သေးပါ။ရှောင်ရှောင်းမျက်နှာပျက်နေကတည်းကသူနေရထိုင်ရခက်နေတာ။ရှောင်ရှောင်းမျက်ရည်ကျလာတော့သူရှောင်ရှောင်းရှေ့မှာဒူးထောက်ထိုင်ချလိုက်မိသည်။
![](https://img.wattpad.com/cover/280249397-288-k151062.jpg)
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Fanfic"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...