"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"
Part- 14
For unicode
ရှောင်းကျန့်ဒီအတောအတွင်းမအီမသာဖြစ်တာ၊အော့အန်တာတွေပျောက်သွားပြီးစားချင်စိတ်တွေသိသိသာသာတိုးလာခဲ့သည်။ဒါပေမယ့်စိုးရိမ်ပူပန်မှုကြောင့်လူကတော့မအေးချမ်းနိုင်ပါ။သူ့တို့မှာနေ့တိုင်းစိုးရိမ်နေရသည်။သူရွာထဲတောင်မသွားဖြစ်တော့။သူ့ဗိုက်ကသိသိသာသာမထွက်သေးရင်တောင်မသိမသာတော့ထွက်နေခဲ့ပြီ။
"ယောက်ျား..
ငါတို့ရွာပြောင်းကြမလားဟင်""ကိုယ်စဉ်းစားပါရစေဦးရှောင်းရယ်
ကိုယ့်မှာဘာပိုင်ဆိုင်မှုမှမရှိသေးဘူး
မင်းကိုလည်းတင့်တောင်းတင့်တယ်မထားနိုင်သေးဘူး
တခြားရွာတွေကလူတွေလည်းဒီကလူတွေလိုဘဲတွေးကြမှာ
ဘာမှမစဉ်းစားဘဲအိပ်တော့နော်
ကိုယ်အကြံထုတ်လိုက်ပါဦးမယ်
ကိုယ့်ကိုသာယုံကြည်ထားပေး"ရိပေါ်ကဘယ်လောက်ဘဲယုံကြည်ထားပေးဆိုဆိုသူကတော့ကလေးအနာဂတ်နဲ့ပတ်သတ်ပြီးရတက်မအေးဖြစ်နေရသည်။သူကလေးကိုဘယ်လိုမွေးရမလဲတောင်မသိပါ။အဲ့နေရာကဆက်ဆံလို့ရတာကိုတောင်ဟိုစာအုပ်ကိုဖတ်ပြီးမှသိတာဖြစ်သည်။သူ့မှာအမျိုးမျိုးတွေးပြီးစိတ်ပူနေရသည်။မွေးလို့ရောအဆင်ပြေပါ့မလား၊ရွာကလူတွေကိုဘယ်လိုရှင်းပြရမှာလဲ။သူ့ကိုယ်သူတောင်ဘာလို့ကိုယ်ဝန်ရလာမှန်းမသိသေးပါ။
မားတောင်သိသိချင်းအံ့ဩလွန်းလို့မယုံနိုင်ဖြစ်ခဲ့သည်။မားကအတွေ့အကြုံရှိသည်မို့သူ့ဗိုက်ဟာကိုယ်ဝန်မှန်းတော့လက်ခံခဲ့သည်။
"ပေါင်ပေါင်း..အိပ်တော့လေ
အများကြီးမတွေးနဲ့
ကိုယ့်ကိုအချိန်ခဏလောက်ဘဲပေး
ဒီအတောအတွင်းရွာထဲကိုမထွက်နဲ့"ရှောင်းကျန့်ကရိပေါ်ရင်ခွင်ထဲပိုပြီးတိုးဝင်သည်။ရိပေါ်ကလည်းရှောင်းကျန့်ကိုအလိုက်သင့်လေးပွေ့ဖက်ထားသည်။ရိပေါ်ရင်ခွင်ထဲကလူသားအသက်ရှုသံမှန်မှန်နဲ့အိပ်ပျော်သွားမှအိပ်ရာကထပြီးမားဆီသွားလိုက်သည်။
"မား..ကျွန်တော်ပါ"
မားကအခန်းထဲကထွက်လာပြီးသားမိနှစ်ယောက်စကားပြောဖြစ်ကြသည်။
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Fanfiction"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...