"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"
Part- 15
For unicode
"ဦးဖေးလျန်
ကျွန်တော့်ကိုကောက်ညင်းဆန်တစ်တောင်းလောက်ချေးပါဗျာ
စပါးပေါ်တာနဲ့ပြန်ပေးပါ့မယ်""ပြောနေရမယ့်လူတွေမှမဟုတ်တာရိပေါ်ရာ..ယူသွား
စပါးပေါ်မှပြန်ပေး
ဒါနဲ့မင်းတို့စပါးခင်းတွေမှည့်နေပြီနော်""ဟုတ်ကဲ့
ကျွန်တော်ကသူများတွေထက်ကောက်စိုက်မြန်သွားခဲ့လို့ပါ""အေး..အေး
မင်းလည်းအဖေတစ်ယောက်တောင်ဖြစ်တော့မယ်
ငါဝမ်းသာပါတယ်ကွာ""ကျေးဇူးပါဗျာ"
ရိပေါ်တို့မှာလယ်နည်းလို့ကောက်ညင်းစပါးတစ်ကွက်ဘဲစိုက်ထားသည်။ထိုတစ်ကွက်ကထွက်တဲ့ကောက်ညင်းစပါးတွေကလည်းတစ်နှစ်အခါလည်၊ဒီအချိန်လောက်ဆိုကုန်လာခဲ့သည်။စပါးတွေကရင့်တော့ရင့်နေပေမယ့်စားဖို့ကျတော့အဆင်မပြေသေးပါ။ရှောင်းကမုန့်ဖတ်ထုတ်စားချင်တယ်ဆိုလို့ကောက်ညင်းဆန်နဲ့ဘဲဖက်ထုတ်ပေါင်းလုပ်ကျွေးမလို့ပါ။မိုးအကုန်ဆောင်းအကူးချိန်မို့ဖက်ထုတ်ပေါင်းနဲ့လည်းလိုက်သည်။
ရိပေါ်ကချေးလာတဲ့ကောက်ညင်းဆန်ထဲကနို့ဆီဗူးငါးဗူးစာလောက်ဆန်မှုန့်ရအောင်ထောင်းလိုက်သည်။မုန့်ကျိတ်စက်ကမြို့လောက်မှာဘဲရှိတာမို့လို့ရိပေါ်တို့လိုရွာမှာတော့ဆန်ဖွတ်ဆုံနဲ့ဘဲအရာရာပြီးသည်။ရိပေါ်ကတစ်ခေါက်နှစ်ခေါက်လက်နဲ့ပြန်လိုက်ပြီးဆက်ထောင်းလိုက်သည်။ရလာတဲ့ဆန်မှုန့်တွေကိုရှောင်းကျန့်ကဆန်ခါလေးနဲ့သေချာခါပြီးကျန်သေးတဲ့ဆန်သားတွေကိုဆန်ဖွတ်ဆုံထဲထည့်ကာရိပေါ်ကဆက်ထောင်းသည်။နောက်ဆုံးအချိန်ထိရိပေါ်ကထောင်းလိုက်ရှောင်းကျန့်ကဆန်ခါလေးနဲ့ခါလိုက်နဲ့ဖက်ထုတ်ရွက်လုပ်မယ့်ဆန်မှုန့်လေးတွေရလာခဲ့သည်။
"ရှောင်း..နိုင့်နိုင်ဆီမသွားတော့ဘူးဆို"
"အင်း..ငါဗိုက်ကြီးတကားကားနဲ့ရွာထဲလျှောက်မသွားချင်ပါဘူး"
"အိမ်ထဲမှာဘဲနေတာမပျင်းဘူးလား"
"မင်းရှိနေတာဘဲ
ငါမပျင်းပါဘူး
ဒါနဲ့..ရိပေါ်
စပါးကဘယ်တော့စသိမ်းမှာလဲ"
YOU ARE READING
"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)
Фанфик"လောင်ကုန်း! လောင်ပေါ်ရေသွားခပ်ဦးမယ်" "မလုပ်နဲ့..မလုပ်နဲ့ ဒီလောင်ကုန်းဘဲလုပ်မယ်" "လောင်ကုန်း!! ထမင်းချက်လိုက်မယ်နော်" "ဒီလောင်ကုန်းဘဲလုပ်ပါ့မယ်ကွာ.." "အာ့ဆိုငါကဘာလုပ်နေရမှာလဲဝမ်ရိပေါ်!!" "ရှောင်ရှောင်းကငြိမ်ငြိမ်လေးဘဲထိုင်နေ.. ပင်ပန်းတဲ့အလုပ်တွေကိုဒ...