Part- 39

17.4K 1.9K 258
                                    

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်"

Part- 39

For unicode

ရှောင်းကျန့်ကမီးတွင်းခုနစ်ရက်အတွင်းမှာရိပေါ်ရဲ့အကူအညီတော်တော်များများယူလိုက်ရတယ်။ မြို့ကသူ့မားနဲ့သူ့ကျဲကျဲလည်းဘွားဘွားနေမကောင်းလို့ရောက်နေကြတော့ရှောင်းကျန့်ဆီကိုခဏခဏလာလည်ကြတယ်။ ရှောင်းကျန့်ကသူ့မားရှေ့မှာတော့ရိပေါ်ကိုဆိုးဆိုးဝါးဝါးဘာမှမတုံ့ပြန်။ သူတို့အိမ်တွင်းရေးကိုဘယ်သူမှမသိစေချင်ပါ..။ ဒါပေမယ့်ရှောင်းကျန့်ရဲ့လျစ်လျူရှုမှုကိုတော့ ရိပေါ်အလူးအလဲခံလိုက်ရပါတယ်..။ ရှောင်းကျန့်ကပညာရှိနည်းနဲ့ရိပေါ်ကိုနှိပ်စက်တယ်..

ကလေးကိုအဲ့နေ့ကစပြီးရိပေါ်မချီစေရအောင် ရှောင်းကျန့်ကသူ့သားကိုဉထားတယ်။ ကြက်မကြီးကကြက်ဉလေးတွေကိုကာကွယ်ထားသလိုဘဲ ရိပေါ်ကလေးကိုကောက်မချီရအောင်သူဘဲချီတယ်၊သူဘဲနို့တိုက်တယ်။ အနှီးတွေပုံထားတာကိုတော့ရိပေါ်ကယူသွားပြီးလျှော်ပေးတယ်။ ရိပေါ်ကကလေးမွေးတဲ့နေ့ကဘဲကလေးမျက်နှာကိုဝအောင်ကြည့်လိုက်ရတာ။ ရှောင်းရန်လိုနေတော့ချီချင်ရင်တောင် သူ့မှာမချီရရှာ။

ရှောင်းလုပ်ရပ်တွေကရိပေါ်ကိုအကြီးကြီးထိတယ်။ ရိပေါ်ကလည်းသူ့သားဖြစ်ရက်နဲ့သူ့ကလေးကိုမချီရတော့ ထိုင်မရထမရဖြစ်နေတယ်။ သူ့သားနီရဲရဲလေးကိုချော့မြှူချင်လို့သူ့မှာရူးတောင်ရူးချင်နေပြီ..။ သူ့မှာသူ့သားကြီးနဲ့သားလတ်ပါမှဘဲ ရှောင်းအနားကိုအေးဆေးကပ်လို့ရတယ်..။ ရှောင်းကသူတို့နှစ်ယောက်အဆင်မပြေတာကိုကလေးတွေမသိစေချင်တာကြောင့် ကလေးတွေနဲ့ဆိုရင်တော့ရိပေါ်ကပ်လာတာကိုရန်မလုပ်..

ကလေးလေးတစ်ပတ်ကျော်ကျော်လောက်မှာဘဲရှောင်းအဘွားလူကြီးရောဂါနဲ့ဆုံးသွားတယ်။ ကလေးနားအကပ်မခံရလို့ရိပေါ်ကပြစ်ဒဏ်အကြီးကြီးကျနေတယ်လို့ခံစားနေရတာ..။ ရှောင်းကဒီထက်ပိုဆိုးတာလုပ်သွားတယ်။ နာရေးကိုအကြောင်းပြပြီး မွေးကင်းစကလေးကိုချီကာသူ့အဘွားအိမ်ကိုနေဖို့ထွက်သွားခဲ့တယ်။ မားကိုလည်းသူကမြေးဖြစ်လို့အဘွား‌နာရေးမှာရှိနေသင့်တယ်ဆိုတဲ့အကြောင်းပြချက်ပေးသွားတယ်..။ ရိပေါ်ကရှောင်းဘာလို့ဒီလိုထွက်သွားလဲဆိုတဲ့အကြောင်းကိုတော့ကောင်းကောင်းသိတာပေါ့...

"လယ်သမားကသူ့မိန်းမကိုသိပ်ချစ်တယ်" (COMPLETED)Where stories live. Discover now