မောင်နှမနှစ်ယောက် အဖြေသိရတော့ ပျော်လွန်းလို့ ဖတ်ငိုမိကြသည်။ မမကတော့ သူ့ကိုစိုးရိမ်နေခဲ့သည်။ ပြီးတော့ မမက ထိုင်းကိုသွားရမည့်အကြောင်းပြောလာသည်။ သူလည်းမလိုက်နိုင်မှတော့ နေခဲ့ရုံသာ စိတ်မပူရန်သာမှာပြီး မုန့်ဝယ်ခဲ့ပေးဖို့ပြောတော့ ကလေးကလားတ့ဲ သူတကယ် ချောကလတ်စားချင်နေသည်။ ဒီမှာရှိတဲ့ဟာတွေလည်းဝယ်စားနေပေမဲ့ မမဝယ်ပေးတါစားချင်လို့ ကပ်ချွဲနေခြင်းသာ…"မမ ချောကလတ်ဝယ်ခဲ့ပေးနော် ဒါနဲ့ မမရဲ့ဟိုတစ်ယောက်ရောလိုက်မှာလား"
"ဟမ် ဘယ်တစ်ယောက်လဲ"
"ဟီး သားယောက်ဖလောင်းလေ"
"ဟယ် ကြည့်စမ်း ဒီကလေးကတော့ ဘာတွေလျောက်ပြောနေတာလဲ သူကမမစီနီယာပါ"
"မယ် စီနီယာဆို မျက်နှာကြီးကဘာလို့ရဲလာတာလဲ ပြော မရပါဘူးနော် သားမမကဆရာဝန်ကတော်ပဲ"
"အော် ရှင်လေးက အာ့ကြောင့် သဘောတွေစွတ်တူနေတာပေါ့လေ ဟုတ်လား"
"အဟဲ ဟုတ်တယ်…စတာပါ မမရဲ့ ကိုစိုးမိုးက လူကောင်းတစ်ယောက်ပဲဟာ ပြီးတော့ သားတို့မိသားစုဆရာဝန်ပဲလေ ယုံကြည်စိတ်ချတဲ့သဘောပါဗျာ"
"ဟုတ်ပါပြီနော် ရှင်လေးကိုတော့မနိုင်ဘူး ဒါနဲ့ အခု အဖြေကထွက်လာပြီဆိုတော့ ယံလေးလူကိုဘယ်လိုပြောမလဲ"
"အင်း ပြန်လာမှ Suprise တိုက်ရမယ်"
"သဘောပါရှင် လှမ်းပြောတော့ သူလည်း ဝမ်းသာရတာပေါ့ ဒါမဲ့ ရှင်လေးသဘောပါပဲ"
မမနှုတ်ဆတ်ပြီးပြန်သွားတော့ သူပဲကျန်နေရစ်ခဲ့သည်။ ပျော်လိုက်တာ မောင်က ကလေးအရမ်းချစ်တတ်တာ အခုသူကိုယ်တိုင် မွေးဖွားပေးမယ့် မောင့်သွေးသားလေးကို ဘယ်လောက်တောင်ချစ်လိုက်မလဲနော် တွေးနေရင်း ရင်ထဲလှိုက်တက်ပျော်ရွှင်လာရသည်။ သူဒီကလေးလေးကို လူ့လောကထဲ သေချာပေါက်ခေါ်ယူစောင့်ရှောက်ပေးမည်။ ဘယ်လိုအကြောင်းကြောင့်မှ ကလေးလေးကိုအထိခိုက်မခံနိုင်ပါ။ ဗိုက်ကလေးကိုပွတ်သတ်ပြီး တစ်ယောက်တည်းပြုံးပျော်နေမိသည်။ ကလေးလေးရေ ပါပါးက ကလေးငယ်ကိုအရမ်းချစ်တာမို့ ဘေးကင်းကင်းနဲ့ပါပါးဆီ ရောက်လာရမယ်နော် တစ်ယောက်တည်းတီးတိုးရေရွတ်နေမိသည်…
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...