မာန်တို့ဘားမှာ ထူးထူးဆန်းဆန်းတွေ ပြင်ဆင်နေကြသည်။ ဘာအတွက်လို့မပြောပဲ ပြင်ဆင်နေရတော့ မာန်ရင်ခုန်မိသည်။ ဘာမှပြောမထားပေမဲ့ ပြင်ဆင်နေတဲ့ပုံစံလေးက ရိုမန့်တစ်ဆန်သည်၊တစ်ယောက်ယောက်ကို ဖွင့်ပြောပြီး လက်ထပ်ခွင့်တောင်းဖို့ရန် ပြင်ဆင်တာနဲ့တူသည်။
ခါတိုင်းဆို သူကခေါင်းဆောင်မို့ ဘာဖြစ်ဖြစ်အကုန်ကြိုသိရတတ်ပေမဲ့ ဒီပွဲက suprise အကြီးကျယ်ဖြစ်စေချင်သူရှိလို့ မပြောပြဘူး၊မသိချင်ပါနဲ့ဆိုတာကြည့်ပဲ။ တစ်ခုရှိတာက မိုးထက်ကမျက်နှာမကောင်းပေ ဘာများဖြစ်နေတာပါလိမ့်။ စေမြတ်များတစ်ခြားကောင်လေးန့ဲ…အာ မဟုတ်လောက်ပါဘူး။
အဲ့လိုသာဆို ဒီကောင်တစ်ချောင်ချောင် သွားငိုနေလောက်ပြီ။တစ်ခုခုဆိုတာ ခံစားမိနေပေမဲ့ ဘာမှန်းလည်း တကယ်မသိ…
ညှို့ဒီနေ့ မာန့်ကို ဖွင့်ပြောဖို့ စဥ်းစားထားတယ်၊ အရမ်းကြာနေပြီလေ မဟုတ်ပဲ ဒီတိုင်းကြီ ဆက်သွားမနေချင်တော့ဘူး။ လက်ခံတယ်ဆိုလည်း ပျော်ပျော်ရှေ့ဆက်ကြပြီး လက်မခံတော့လည်း အမြန်ဆုံး move on လုပ်ရမယ်လေ။
ဒီလူသားက ရင်ထဲမှာ တကယ် အမြစ်တွယ်နေပြီ ပထမဆုံးချစ်ဖူးတာမို့ ထင်ပါရဲ့…သူတကယ်ရူးပါသည်။ သူနဲ့မအပ်စပ်တဲ့ ဒီလိုဂီတတီးဝိုင်းထဲကို သူ့အတွက်တစ်ခုတည်းနဲ့ ကြိတ်မှိတ်ဝင်လာတာဖြစ်သည်။ ခုတလော ကြည့်ရတာ တစ်မှိုင်မှိုင်နဲ့မို့ စိတ်မရွှင်ဖူးလား တွေးမိပေမဲ့ မမေးလည်းမမေးခဲ့သလို အကြံလည်းမပေးနိုင်ခဲ့ဘူး။
သူတကယ် မျှော်လင့်ထားတာပေါ့ မာန်နဲ့နှစ်ယောက်တည်း တူတူနေဖို့ ဘာညာတွေ အစစ အရာရာလိုက်ပြီး ဂရုတစိုက် ကြင်ကြင်နာနာရှိတာမျိုး တကယ်သဘောကျလွန်းလို့ပါ။ ဒီလူသားကို ပထမဆုံး စတင်ဆုံစည်းချိန်က ယာဥ်တိုက်မှုမတော်တဆ ဖြစ်လို့ဆိုပြီး ဆေးရုံကို အသည်းသန်အနေထားနဲ့စရောက်လာပြီး သိခွင့်ရတာက သူဟာ အာရုံကြောတချို့ ထိခိုက်သွားတာကြောင့် အတိတ်ကိုတော်တော်နဲ့ ပြန်မမှတ်မိနိုင်ပါဘူးတဲ့လေ။
သူလည်းတတ်နိုင်သလောက် စုံစမ်းခဲ့ပါသေးသည် အကယ်၍ ဒီလူသားမှာ ပိုင်ရှင်ရှိခဲ့ရင် သူဒီလောက်ထိရူးသွပ်မိလိမ့်မည်မဟုတ်။ ခုတော့ တကယ်ကိုအပိုင်လိုချင်မိတဲ့အထိ ချစ်မိနေခဲ့တာ ဒါပေမဲ့ သူတန်ဖိုးထားရသူရဲ့ ဆုံးဖြတ်ချက်ကိုသာ လေးစားမှုနဲ့တန်ဖိုးထားလိုက်နာဖို့ ခုလိုဖွင့်ပြောရန်စီစဥ်ရခြင်းဖြစ်သည်။
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...