မေမေ မြတ်ကိုခေါ် သတိပေးပြီးတဲ့နောက် စိုင်းဝေယံလေး အကြောင်းကို ထပ်မမေးမိတော့ မေမေကခိုင်လုံတဲ့ အကြောင်းပြချက်ပေးခဲ့ပါသည်၊ ဖေဖေ ယာဥ်မတော်တဆမှု ဖြစ်တဲ့အချိန်က ဖေဖေနှင့်အတူ ခရီးသွားခဲ့သူက စိုင်းဝေယံရဲ့အဖေ ဦးစိုင်းမြတ်သော်တ့ဲ၊ မေမေကသိပ်အစွဲလမ်းကြီးပြီး အငြိုးတေးထားတတ်သူပီပီ ယခုလည်း ထိုအကြောင်းပြချက်ကြောင့် မောင်လေးတို့နှစ်ယောက်ကို သဘောမတူနိုင်ဘူးတဲ့လေ။မြတ်အနေနဲ့တော့ ဖေဖေသေဆုံးရခြင်းကို ယူကြုံမရပေမဲ့ သူတစ်ပါးကိုလည်း ပုံချပြီးမုန်းမနေချင်ပါ၊ ဒါသည်လည်း ကံတရားအလိုကျအတိုင်း ဖြစ်သွားရတဲ့ ကိစ္စပဲလေ ဘယ်သူကတော့ဖြင့် ထိုသို့အလိုရှိပါ့မလဲ၊
"ကိုခန့် မြတ်ကို နေ့ခင်းပိုင်း အချိန်ပေးနိုင်မလား"
"ရပါတယ် နေ့လယ်က ဂျူတီမရှိတာနဲ့အတော်ပဲ"
"မေမေ မြတ် ထမင်းသွားစားလိုက်ဦးမယ်နော် မေမေဘာမှာဦးမလဲ"
"ရပါတယ် မေမေမမှာတော့ပါဘူး"
မြတ်နဲ့ကိုခန့်လည်း အတူထွက်လာကာ ထမင်းစားပြီး ကဖေးဆိုင်လေး တစ်ခုမှာထိုင်လိုက်သည်၊
"ကို မြတ်ပြောစရာတွေရှိတယ် ဘယ်ကစရမှန်းမသိတော့ဘူး"
"မြတ် မလောနဲ့ ဖြေးဖြေးချင်းပြောပါ"
"မေမေက စိုင်းလေးကို မုန်းနေတာ အကြောင်းရင်းက စိုင်းလေးဖေဖေကြောင့်တဲ့"
"ဟင် ကို သိပ်နားမရှင်းဘူး သေချာလေးပြောပြပါ့လား"
"စိုင်းလေးက ဦးစိုင်းမြတ်သော်ရဲ့သားတဲ့"
"ဟမ် ဒါဆို ဦးဆက် Accident ဖြစ်တုန်းက အတူပါတဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတာလား"
"ဟုတ်တယ် ကိုရယ် မြတ်တို့ ဖြေရှင်းပေးလို့ရပါဦးမလားဟင်"
"မပူပါနဲ့ အန်တီက မာန်စိတ်ညစ်တာကို ဒီတိုင်းလက်ပိုက်ကြည့်နေနိုင်မှာမဟုတ်ဘူး"
"ဒါပေမဲ့…"
"မြတ် စိတ်မပူနဲ့ အချိန်တစ်ခုရောက်ရင် ဘယ်သူမှပြောပြစရာမလိုအောင် အတိတ်တွေပြန်မှတ်မိလာမှာပါ မြတ်မောင်လေးလည်း ကိုယ့်ယောက်ဖလောင်းပဲလေ သေချာပေါက် ဒီကောင်လေးကသန်မာတယ်ဆိုတာ ကိုယ်တို့သိတာပဲကို"
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...