ဆေးရုံမှာဆေထိုးတော့ တစ်စက်ကလေးမှမငိုဘူး ရပ်ကြည့်နေရင်း ယံလေးမှာ မျက်ရည်တွေတောင်ဝဲတယ် ဖြစ်နိုင်ရင် သူသာဝင်အထိုးခံပေးလိုက်ချင်ပါတယ်။ ယမ်းလေးကငယ်သေးတယ်လေ မငိုပေမဲ့ နာကျင်နေတာသိသာလှသည် မျက်နှာလေးကကြည်သာမနေတော့…အတော်ကိုမှ မျက်ရည်ခိုင်ပါတဲ့ ယံလေးလည်း မျက်ရည်တွေဝဲနေပြီ။ စိုင်းခန့်မှာ ပြာယာခတ်ရပြီ ယမ်းလေးကိုပဲ ချော့မြှူရမလား ဒီကလူကြီးကလေးကိုပဲ အားပေးနှစ်သိမ့်ရမလား အသဲကွဲတော့ တစ်ယောက်တည်းဗျာများနေချိန် ယမ်းလေးကို ဆေးထိုးခြင်းက ပြီးဆုံးသွားလေသည်။
"အို…အို့…ဦးငယ်ရဲ့ယမ်ယမ်းကတော်လိုက်တာကွာ ဆေးထိုးအပ်ကြီးနဲ့ ထိုးတာကို ငိုဘူးနော် တချို့ဆို ဆေးထိုးအပ်မြင်ပြီး မျက်ရည်တွေဝဲနေတာ ယမ်ယမ်းရဲ့"
"ဟာ စိုင်းခန့် ခွေးကောင် မင်းကတော့"
"ဘာလဲ ယမ်းလေးကိုမြှူတာလေကွာ"
"ငါ့ထည့်မပြောန့ဲ ငါကငါ့ဘာသာ မျက်ရည်ဝဲမိတာ မင်းပြောသလိုမဟုတ်ဘူး အကောင်ရဲ့"
"အေးပါကွာ ရန်ဖြစ်ချင် အိမ်ရောက်မှဆက် ယမ်းလေးကိုနားခိုင်းစေချင်ပြီ သွားကြမယ်"
အိမ်ရောက်တော့ ယမ်းလေးက အိပ်ချင်နေပေမဲ့ မျက်လုံးကို အတင်းဖြဲထားသည် ဟုတ်တယ်လေ သူလေး မသွားခင်ကတရေးမှေးထားတာကိုး အဲ့ဒီတော့လည်း ကလေးသိပ်ချီချင်တဲ့ စိုင်းခန့်အတွက် ကွက်တိပဲပေါ့ ယမ်းလေးကို လက်ပေါ်ကမချတော့ ချီပိုးပြီးမြှူပေးနေသည်။
သူလည်း တခြား ယမ်းလေးရဲ့အခန်းသန့်ရှင်းရေး ဘာညာသာလုပ်ပေးလိုက်တော့သည်။ ကလေးကို ကူထိန်းဖို့ မိအေးကို တကူးတကခေါ်ထားပေမဲ့ မမရယ် စိုင်းခန့်ရယ် သူရယ်သာ တစ်လှည့်စီလုပ်ပေးနေတော့ မိအေးက အန်တီခင့်အကူသာဖြစ်လာသည်။
သူတို့သုံးယောက်လုံး အကဲပိုကြသည် တစ်ယောက်တစ်မျိုး မရိုးကြပေမဲ့ ပိုတာတော့ပိုကြသည်။ ကိုယ်တိုင်တွေလည်း ပိုနေကြမှန်းသိပေမဲ့ တစ်ယောက်မှလျော့မယ့်သူမပါ။ ဒီကလေးလေးကတကယ်ကို အချစ်ခံလေးရယ်ပါ။
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...