Ep.23

54 3 0
                                    

မာန်နဲ့ ပိုင်သုတို့လင်လင်နှစ်ကောင်နဲ့ ကျန်သောသူများကိုစောင့်မျှော်လျက်ရှိသည်။ မာန်ကတော့ သူနေနေကျအတိုင်း အေးဆေးလေးနဲ့ ဖျော်ရည်ကို တငုံချင်းအရသာခံသောက်နေသည်။ ဟိုလင်လင်နှစ်ယောက်က​တော့ အကြည့်ချင်းစစ်ထိုးလျက်ရှိသည်။

ပိုင်ထက် တစ်ယောက်နိုင်မှာမဟုတ်တာ သိပေမဲ့ ဒီကလေးကို မစရရင်မနေနိုင်တာမို့ လိုက်စနေခြင်းသာ ကလေးကသူ့ကို တည်တည်တံ့တံ့နေစေချင်သော်လည်း သူကကလေးဆႏၵကို လိုက်လျောမပေးနိုင် ခင်ဗျားတို့မသိလို့ အဲ့ဒီစေသုတဆိုတဲ့ ငတိလေးကောက်ရင် သောက်ရမ်းချစ်ဖို့ကောင်းတာမို့ လိုက်စနေရတာ။

စေသု တကယ်ကို ထိုလူကြီးတစ်​ယောက်ကိုပင် မနိုင်ပါချေ။ ကိုယ့်ထက်ကြီးတဲ့သူမို့ ရိုသေလေးစားပြီး အားကိုးရမလားမှတ်ပါတယ် အားရင်ကိုယ့်နောက် တကောက်ကောက်လိုက်ကပ်ပြီး အသေးမွှားလေးတွေကို ပုံပြီးချဲ့ကာ စနောက်ပါတော့သည်။ စေသုတဆိုတာကလည်း တ​ခြားအရာတွေသာ ကြိတ်မှိတ်သည်းခံလိုက်မယ် စနော​က်တာကို တကယ်အမုန်းဆုံးပင်။

ဘာလဲ ကျတော်မုန်းတဲ့အရာကို လုပ်နေတဲ့ ပိုင်ထက်ကို မမုန်းမိဘူးလား ဟလား အမလေးဝေးသေး အဲ့ဒီကလေးလူကြီးကို ချစ်လို့ကိုမဝတာ ပိုင်ပိုင်ဆိုတဲ့ ကျတော့်လင်နေရာမှာ တခြားသူသာဖြစ်ကြည့်ပါ့လား စုတ်ပြတ်သတ်နေလောက်ပြီ။ ခုကတော့ ချစ်လွန်းလို့် ကိုယ်မကြိုက်တာ လုပ်နေလဲမသိခြင်ထောင်ထောင်နေခြင်းသာ။

တိုက်ပွဲကတော့ ပြင်းထန်ပါသည် အပြင်မှာသာ မီးတောက်တွေထွက်လာတော့မတက် မီးလျှံတောက်နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေကြပေမဲ့ စိတ်ထဲမှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြောင်း ဘယ်လိုအထိချစ်ကြောင်းတွေတွေးနေမလဲဆိုတာ မာန်တစ်ယောက် ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့သိသည်မို့ လွတ်ပေးထားလိုက်ခြင်းဖြစ်သည်။

"ကဲ မင်းတို့နှစ်ကောင် အိမ်မှာရော မတွေ့ရဘူးလား မမြင်ဖူးကြဘူးလား အဲ့လောက်စိုက်ကြည့်နေကြတာ"

"မင်းအပူမပါဘူး"
"မင်းအပူမပါဘူး"

"အမယ် တစ်လေသံတည်းပါ့လား စောနကတော့ မင်းဖြေရှင်းပေး မင်းကူညီပေးနဲ့ ဆိုတဲ့အကောင်ဘယ်ရောက်သွားတာလဲ ဟမ်"

Love is youWhere stories live. Discover now