At 6:30AM...
ညှို့ မျက်လုံးက အကျင့်ဖြစ်နေပြီသားမို့ သောက်ထားလည်း မနက်ဆို နိုးနေတတ်သည်။ ကိုယ်နဲ့ရင်းနှီးနေတဲ့ အငွေ့သက်မရှိတဲ့ အခန်းတစ်ခန်းထဲကိုရောက်နေတယ်ဆိုတာ ခံစားမိတာမို့ မနေ့ညက ဘာတွေဖြစ်လဲဆိုတာ တော်တော်လေးစဥ်းစားယူနေရတယ်။
ခုကခေါင်းတွေကိုက်နေတာဆိုတော့ ဘယ်လိုပဲကြိုးစားပြီး စဥ်းစားနေပေမဲ့ ဘာတစ်ခုကိုမှမှတ်မိမလာပါဘူး။ ဒါနဲ့ ဆိုဖာပေါ်က ဘယ်သူပါလိမ့် ကုတင်အကျယ်ကြီးကို ငါ့များရွံလို့လား၊ ခုမှကြည့်မိတယ် ငါ့အဝတ်စားတွေက ပုံမှန်အတိုင်းပဲ မနေ့က ဘားကိုလာတုန်းက ဝတ်ထားတဲ့အတိုင်း ခြေရာ၊လက်ရာမပျက်ရှိနေတာပဲ။
ဒါဆို ညက ငါဘယ်သူနဲ့မှ မအိပ်မိခဲ့ဘူးပေါ့၊ ဆိုဖာပေါ်ကတစ်ယောက်ကရော ဘာလဲ နဲနဲတော့ စပ်စုချင်သွားသည် ကျေးဇူးရှင်လေးဖြစ်နိုင်တယ်လေ။ ဖြေးဖြေးဖွဖွပဲ အနားကို တိတ်တဆိတ် ချဥ်းကပ်ပြီး ခိုးကြည့်ဖို့ ကြိုးစားလိုက်သည်။ အများကြီးတော့ မကြိုးစားလိုက်ရပါဘူး ပက်လက်အိပ်နေတာဆိုတော့…
ဘယ်သူလဲမသိပေမဲ့ ချောတာကတော့ တော်တော်လေးချောသည် ပုံစံကြည့်ရတာ မြန်မာကပြားလေးဖြစ်မည်။ တိုင်းရင်းသားတစ်ခုခုနှောပုံရသည် နိုးပြိ်းမျက်လုံးပွင့်နေတာမဟုတ်တော့ သေချာကြီး အတိကျတော့မပြောနိုင်သေးပေ။ သူ့ကိုဘာမှမလုပ်ပဲ အခန်းထဲမှာ ကျကျနနခေါ်ပြီးပေးအိပ်တာကိုပဲ ကျေးဇူးတင်နေပြီမို့ ဒီတိုင်းကြည့်ပြီးတာနဲ့ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်လာလိုက်သည်။
မျက်နှာသစ်နေရင်း ရေချိုးချင်လာတာနဲ့ ရေပါချိုးပြီး ရှိတဲ့ bathrobe ဝတ်ထားလိုက်သည်။ ဘားကဘယ်ဆိုးလို့လဲ ခုလို VIP အခန်းတွေပါရှိနေတော့ ဇိမ်ပဲပေါ့။ ခုပုံစံကိုကြည့်တာနဲ့တင် ပိုင်ရှင်ကတော်ရုံထဲကတော့ မဟုတ်လောက်ဘူး RK ဖြစ်လိမ့်မယ် ဆိုဖာပေါ်ကတစ်ယောက် မညောင်းဘူးလားမသိဘူး သူ့အရပ်နဲ့ဆိုဖာက ကွက်တိကြီးလိုဖြစ်နေတော့ အိပ်ရတာ ကြပ်နေမှာပဲ။
ရုပ်ရည်က သန့်သန့်ပြန့်ပြန့်မို့ အလုပ်သမားတော့မဟုတ်လောက်ဘူး ပိုင်ရှင်မဟုတ်ရင်တောင် ရှယ်ယာရှင်ဖြစ်လိမ့်မည်။ ဒါဆို ငါနဲ့ဘယ်လိုများဆုံရတာလဲ ဘားပိုင်ရှင်က ခုလိုကာစတန်မာ တစ်ယောက်ချင်းစီကို ဂရုတစိုက်နဲ့ အသေးစိတ်လုပ်ပေးပါ့မလား။ ပြောမယ့်သာပြောတာ မနေ့ညက တော်တော်လေး မူးပြီးမှောက်နေမှာသေချာသည်။
ESTÁS LEYENDO
Love is you
Ficción Generalမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...