မမြတ်က ရီသံသွေးပြီး ခေါင်းကိုသာ ငြိမ့်ပြလာခဲ့သည် သဘောက သိထားပြီးသားပါပေါ့။ ဒါများမေးနေသေးတယ်လို့သာ အတွန့်တက်လိုက်ချင်ပါတော့သည်။
"ဒါဆို အပေါ်တက်ပြီနော်"
"အင်း အင်း အရမ်းလည်း စဥ်းစား မနေနဲ့ဦး နားနားနေနေ နေ"
ဒီစကားကိုတော့ မမြတ်က သူ့ကိုမကြည့်ပါပဲ ဆိုလာခဲ့သည်။ သူလည်း ဒီအတိုင်းသာ အင်းမလုပ် အဲမလုပ် အပေါ်တက်ခဲ့လိုက်တော့သည်။
အင်း…နောက်တစ်ပတ်ထဲ ဘားမီတင်က ရှိသေးတာပဲ။ အချိန်ဇယားများ သူ့ဟာနဲ့သူ လည်ပတ်နေဖို့ အတော်လေး လိုက်လျောညီထွေဖြစ်ဖို့ သူအပင်ပန်းခံရပါသည်။ ဒါပေမဲ့ သည်းငယ်ရဲ့ ဓာတ်ပုံထဲမှာနဲ့ အိမ်မက်ထဲမှာသာ မြင်ဖူးသော မျက်နှာလေးက သူ့ရဲ့ တစ်ခုတည်းသော အေးချမ်းရာလေးပါပဲ။
ကလေးငယ် မောင်တို့ ပြန်ဆုံကြဖို့ မောင်အစွမ်းကုန်ကြိုးစားသွားမှာ၊
*******************************
ဝှား…
အာ သားသားတောင်နိုးနေပြီထင်တယ်။ စိုင်းဝေယံတို့ မနေ့ညက မမ အိမ်ပြန်တော့မှာမို့ နောက်ဆုံးနှုတ်ဆတ် ဆိုပြီး စားပွဲသောက်ပွဲ အကြီးကျယ်ကို ဆင်နွဲလိုက်တဲ့ အရှိန်က မနက်အိပ်ယာထချိန် နောက်ကျတဲ့အထိပါပဲ။
ယမ်ယမ်းလေးကို မနေ့ညက သူသေချာပေါက် သိပ်ခဲ့ပါသည်။ သားအိပ်သွားမှသာ သူ့အခန်းသူပြန်လာအိပ်ခဲ့တာဖြစ်သည်။ ဒါပေမဲ့ သောက်ထားတဲ့အရှိန်နဲ့ လူကရီဝေဝေဖြစ်ပြီး ညအိပ်ဝတ်စုံလဲပြီးတာနဲ့ တန်းအိပ်ပျော်သွားတာဖြစ်သည်။
"အို့ ပါပါးသားလေးက ခုထိ မနိုးသေးဘူးပဲ"
ကိုယ်တော်ချောလေးက နှိုးမယ့်သူမရှိတော့ လွတ်လပ်ရေး ရနေပုံပင်၊ ဖက်လုံးလေးကို ခွထားပြီး လက်နှစ်ဖက်နဲ့ပါ အမိရပိုက်ထားပုံက သူနဲ့ဘယ်သူကများ ပြိုင်လုနေသလဲ ထင်ရသည်။
ချစ်ဖို့ကောင်းပုံက ဘယ်သူနဲ့တူမှန်းကိုမသိ၊ အပြစ်ကင်းစင်စွာ အိပ်စက်နေတဲ့ ယမ်ယမ်းလေးကိုငေးနေရင်း နေရောင်ခြည်နုနုအောက်မှာ ကောင်လေးတစ်ယောက်ဟာလည်း နူးနူးည့ံည့ံပင်ပြုံးနေခဲ့သည်။
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...