ပြင်လို့ ဆင်လို့ပြီးသွားတော့ မာန်လည်း ချောင်တစ်ချောင်မှာကပ်ထိုင်နေလိုက်သည်။ ပွဲကခမ်းခမ်းနားနားကြီး ပြင်ဆင်ထားပေမဲ့ ခုထိဘယ်သူ့အတွက် ဘာအတွက်ဆိုတာ မသိရသေးပေ။ ခဏလောက် အနားယူနေတုန်း ကောင်ငယ်လေးအကြောင်းကို တွေးမိပြီးပြုံးနေမိပြန်သည်။
ဒီနေ့ ဘာရယ်မဟုတ် ကိုယ်နဲ့မကွာဆောင်ထားတာမို့ ဓာတ်ပုံထုတ်ကြည့်နေလိုက်သည်။
"အော် ဟော် ချောင်ခိုနေတာပေါ့ မင်းက"
"အင်း ဟုတ်တယ် ပွဲကဘာမှန်းမှမသိရတာ မင်းမေးတော့လည်း မင်းမှမဖြေတာ အဲ့တော့ ငါလည်းအလွမ်းဖြေရင်း ဒီမှာလာထိုင်နေတာ"
"မင်းမေးတဲ့မေးခွန်းကို အဖြေပိုင်ရှင်က ဖြေလိုက်ပါဆိုလို့ ငါလာဖြေပေးတာ"
"ဟမ် မင်းဟာကလည်း မသိရင် ဘာလိုလိုနဲ့"
"ဘာကိုလဲ"
"အော် မသိရင်ကွာ ငါကပဲတစ်ယောက်ယောက်ဆီကအဖြေလိုချင်လို့ မင်းနားကပ်ပူဆာတာကျလို့ပဲ"
"မင်းပဲကြံကြံဖန်ဖန်တွေး ငါပြောမယ့်ဟာပြောမယ် လျှာကိုရှည်တယ် ဒီပွဲက မင်းကို ညှို့က အဖြေတောင်းမလို့တဲ့"
"ဘာ မင်း နောက်စရာရှားလို့နော်"
"တကယ်ပြောနေတာ ငါမနောက်ဘူး သူကမင်းသဘောထားကို ပွင့်ပွင့်လင်းလင်းသိချင်ရုံပဲတဲ့ အာ့ကြောင့်မို့ သူငယ်ချင်းတွေပဲ ဒီပွဲကိုဖိတ်ထားတာတဲ့"
"အာ့ဆို ငါငြင်းလို့ရတယ်မလား"
(A/N-မင်းတမာန်တို့က အားကြီးနဲ့)"ရတယ် မင်းအပေါ်ဖိအားမဖြစ်စေချင်လို့ မင်းသိတဲ့သူ့သူငယ်ချင်းနဲ့ ငါတို့တီဝိုင်းအဖွဲ့ပဲ ဖိတ်ထားတာ"
"ငါငြင်းလိုက်ရင် ဒါက ညှို့ရဲ့အသဲကွဲ ပါတီပေါ့ အဲ့လိုသဘောလား"
"ဟ ဟား လဒ ဒါမျိုးကျတွေးလည်း တွေးတတ်ပါ့ကွာ တကယ်ပဲ"
မိုးထက်က သတင်းပေးရုံပေးပြီး သူ့နားက ထထွက်သွားတော့သည်။ မာန်မေ့သွားတာက မိုးထက်ကိုသူသိချင်တာ မမေးလိုက်ရတာပဲ။ ခဏနေကျမှ ငြင်းပြီးပြန်ရင် မိုးထက်ကို တစ်ခါတည်းအပြန် အချောဆွဲခဲ့လိုက်တော့မယ်။
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...