မာန်လည်း ဝယ်စရာရှိတာ ဝယ်ပြီး ကားပေါ်ရောက်တော့ နောက်ခန်းထဲလှမ်းထည့်ပြီး အိမ်ကို မောင်းလာခဲ့တော့သည်။ အိမ်ရောက်တော့ ဂိုဒေါင်ထဲ တစ်ခါတည်းသွင်းကာ ကားထဲက ယူစရာရှိတာယူပြီး အိမ်ထဲဝင်ခဲ့လိုက်သည်။
"မင်းရေချိုးဦးမှာလား"
"မချိုးတော့ဘူး အဝတ်ပဲလဲခဲ့တော့မယ် ပါတီမစခင် တစ်ခါချိုးထားသေးတယ်"
မိုးထက်ကတော့ ဘာမှတွေးစရာမရှိတော့ အေးဆေးပဲပေါ့ သူလည်း ပုံမှန်သာဆို မချိုးတော့ဘူး ဆုံးဖြတ်မိမှာဆိုပေမဲ့ ခုက ခေါင်းရှုတ်နေတာမို့ စိတ်ကြည်ဖို့ ရေခဏစိမ်လိုက်ဦးမည်။
"ဒါဆို မင်းပဲ ပြင်ဆင်ပြီး ငါ့အခန်းထဲလာခဲ့လိုက်တော့နော် ငါရေခဏစိမ်မလို့"
"အေးပါ မိုးချုပ်နေပြီနော် ကြာမနေနဲ့ဦး"
"မင်းပြင်ပြီးရင် ငါ့ခေါ်လိုက်လေ ထွက်ခဲ့မယ်"
ကိုယ့်အခန်းကိုယ်ဝင်ပြီး အဝတ်စားလဲလိုက်သည် ပြီးမှ ရေခဲပုံးထဲရေခဲတွေထည့် ခွက်တွေ၊ပုလင်းတွေနဲ့ အမြည်းပါ ပြင်ဆင်လိုက်သည်။ အကုန်လုပ်ပြီးသွားတော့ နာရီဝက်လောက် ရှိနေပြီမို့ ရေချိုးခန်းထဲက ကိုယ်တော်ကို ပင့်ရတော့သည်။
မင်းတမာန်တို့က အကျင့်လေးက နဲနဲမှမပြောင်းပေ၊ စိတ်ရှုတ်ရင် စိတ်ညစ်ရင် ရေစိမ်နေတတ်တာ အကျင့်ပင် ဒါကြောင့်လည်း ဒင်းကို bathtub ကမှန်ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီးတော့ ပြတင်းပေါက်ကနေ ရှုခင်းကောင်းကောင်းမြင်ရလောက်တဲ့ အခန်းမှာထားပေးခဲ့တာဖြစ်သည်။
'ဒေါက်…ဒေါက်…ဒေါက်'
"ညကြီးကို ရေစိမ်နေတာ အအေးပတ်နေမယ်"သူပြောပြီး ခဏအကြာ မင်းသားက bathrobe နဲ့ထွက်လာသည် ခေါင်းပေါ်မှာလည်း တပတ်တစ်ထည်နဲ့ ဖျားချင်နေတာထင်တယ်။
"ဖေ့သားရေ ခေါင်းရေစိုကို သုတ်သင့်တယ်နော် ဂန့်နေဦးမယ် ဆရာဝန်က ဘာမှထားလဲ"
မိုးထက်ဆိုတာ အဲ့လိုပဲ အမြဲ ပွစိပွစိလုပ်ပြီး မာန့်ရဲ့ဆိုးသွမ်းမှုဒဏ်ကို အခံဆုံးသော သူငယ်ချင်းပင် ဒါတောင် ဒိုင်ယာရီထဲမှာ ဖတ်ရသလောက်က ဒုတိယဗိုလ်ဆွဲတဲ့သူတဲ့လေ ပထမလူက ဓာတ်ပုံထဲက ကောင်လေးဖြစ်မယ်။
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...