သားငယ်က သူမစဥ်းစားနိုင်လို့ပါပြောပြီးတည်းက တစ်နေ့ တစ်နေ့ ဓာတ်ပုံအယ်ဘမ်တွေ ပြကာ ဒါကဘယ်တုန်းက ဘာလုပ်ခဲ့တာ ဒါကဘယ်သူ စသည်ဖြင့် မိတ်ဆက်ရသည်။ သားငယ်ကမငြင်းဆန်ပါ သူ(မ)တို့ ပြောပြသမျှကိုလည်း စိတ်ပါလက်ပါ နားထောင်လေ့ရှိပါသည်။ သေချာသည်က ပြောပြသည့်အကြောင်းရာတွေထဲမှာ ဟုိကောင်လေးအကြောင်းမပါ၊ ထည့်ပြောနေစရာလား အဓိကမေ့စေချင်ပါတဲ့ အကြောင်းကိုထည့်ပြောမနေပါ။သမီးမြတ် ထိုကလေးအကြောင်းသိထားသည်ကို သတိထားမိ၍ ခေါ်ပြောရပေဦးမည်…
"မြတ် ညနေကျရင် မေမေ့အခန်းကို လာခဲ့ပါဦး ပြောစရာရှိတယ်"
"ဟုတ် မေမေ ညဘက်ကျ ကိုခန့်က မောင်လေးကိုစောင့်ပေးမယ်တဲ့ မေမေ့ဆီ မြတ်လာခဲ့ပါ့မယ်"
"ဟုတ်ပြီလေ ဒါဆို ခုမေမေပြန်တော့မယ် သားငယ်လည်း နားပါစေပေါ့ စောနကမှအိပ်ပျော်သွားတာမလား"
"ဟုတ်တယ် မေမေ သူနာပြုတစ်ယောက် ဆေးချိတ်ပေးသွားတုန်းမောင်လေး တစ်ခါတည်းအိပ်ပျော်သွားပုံရတယ်"
"မောင်ကျော်ခန့်လာမှာဆိုတော့လည်း ပိုစိတ်ချရတာပေါ့ ညနေ မမေ့နဲ့ ဒါဆို မေမေပြန်မယ်"
"ဟုတ် မေမေ မြတ်လာခဲ့ပါ့မယ်"
မြတ် အတွေးများနေရပါသည်၊ မေမေ့ပုံကြည့်ရတာ သူ(မ)နဲ့ကို့အခြေနေကို သေချာပေါက်သိနေမည်သာ ဒါကိုစိတ်ချတယ်ဆိုတော့ သဘောတူပါတယ်လို့ဆိုလိုတာပင်၊ ထူးဆန်းတာက မောင်လေးကို အကြောင်းရာတော်တော်များများ အစုံလင်ကုန်ဆင်အောင်ပြောနေပေမဲ့ စိုင်းဝေယံဆိုတဲ့အမည်နာမကိုပင် မကြားရပါ၊ မဟုတ်မှ မေမေမောင်လေးတု့ိကို ခွဲချင်နေတာလား မေမေကမသိလို့ဆိုတာတော့မဖြစ်နိုင် ဘယ်သူမို့ဖုံးကွယ်ရနိုင်မည်တဲ့လဲ ဒေါ်ခင်မင်းခသည် တခြားသော အကြောင်းရာများကိုသာ စိတ်မဝင်စားရင်နေမယ်၊ သားနှင့်သမီးအကြောင်းဆို ပြောပြနေစရာမလိုအောင် သိရှိနှင့်ပြီးသားပင်…
'ဒေါက်…ဒေါက်…ဒေါက်' "မြတ် ကိုဝင်ခဲ့မယ်နော်"
ကိုခန့် ရောက်လာတော့ အရင်ဆုံး မောင်လေးကို စစ်ဆေးကြည့်ပေးပါသည်၊ အိပ်နေတာပျက်မှာစိုးတာကြောင့် လှုပ်ရှားမှုတွေကိုတော့ သတိထားနေရသည်၊ သူ(မ) ပြောပြချင်သည် အခုချိန်မှာ တစ်ယောက်ယောက်ကိုပြောပြရမှဖြစ်မည် အဲ့လူကလည်း အာလုံးကို နားလည်နေဖို့လိုသေးသည်၊ အဲ့လိုလူက ကိုခန့်ကလွဲလို့မရှိ…
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...