ဒီနေ့ လွှာရင်အတုန်ရဆုံးနေ့ တကယ်ပါ စိတ်မချဘူး၊ တစ်ခုခုဖြစ်ခဲ့ရင်ဆိုတာကြီးက လွှာ့အတွက် ထိုင်နေဖို့တောင် ခက်ခဲပါတယ် မတ်တပ်ရပ်ချိန် ခြေမခိုင်တာမို့ ဘေးမှာ ကိုခန့်ရှိနေပေးလို့ တော်ပါသေးတယ်။ ယံလေးခွဲခန်းထဲဝင်သွားတဲ့ နာရီဝက်လေးအတွင်းကို လွှာ ပြာယာခတ်နေမိသည်။
လွှာယုံပါသည် ယံလေးက တူလေးကို သေချာပေါက် ဘေးကင်းစွာနဲ့ ခေါ်ယူနိုင်မယ်လို့ပေါ့။ မကြာလိုက်ပါဘူး ခွဲခန်းထဲက ကလေးငိုသံကိုကြားလိုက်ရတော့သည်။ လွှာမျက်ရည်ဝဲမိပါသည်၊ ဒါဟာ သားသားလေးရဲ့အသံလေးပဲမလား တကယ်ကို လောကကြီးရပ်တန့်သွားသလိုပါပဲလေ။
"လွှာ စိတ်ငြိမ်ငြိမ်ထားနော် ကိုကိုသွားခေါ်ပေးမယ် ခဏလေး ထိုင်လိုက်နော်"
လွှာ မျက်ရည်များနဲ့ ခေါင်းငြိမ့်ပြလိုက်သည်၊ ခဏပဲဆိုပြီး ထိုင်လိုက်မိမှ လွှာဘယ်လောက် မတ်တပ်ရပ်ထားလဲဆိုတာကို တွေးမိသွားသည်။ ခွဲခန်းဝင်ချိန်ကမကြာပေမဲ့ လွှာက ခွဲခန်းထဲမဝင်ခင်တည်းက ဖင်တကြွကြွနဲ့လုံးဝ မထိုင်ရသေးတာပါ။
"ကလေးရော၊လူကြီးပါ ကျန်းမာပါတယ်ရှင် ခဏနေရင် တွေ့လို့ရပြီနော်"
"ဟုတ် ကျေးဇူးပါဗျာ့"
"ကျေးဇူးတင်ပါတယ်ရှင်"
"လွှာ မငိုနဲ့လေ ဒါကပျော်ရမှာလေ လွှာလေးရဲ့"
"လွှာ ပျော်လွန်းလို့ပါ ကိုကိုရယ်"
တကယ်ကို ဝမ်းသာမျက်ရည်တွေပါ၊ လွှာ့လောက်ပျော်တဲ့သူ ရှိမှာတောင်မဟုတ်ဘူးဆို အပိုပြောတယ်မထင်ပါနဲ့။ လွှာ့မှာ ယံလေးကိုစိတ်မချဖြစ်ပြီး ပူပင်ရတာတစ်မျိုး၊ မမြင်ရသေးသည့်သားသားလေးကို စိုးရိမ်ရတာ တစ်ဖုံနဲ့…
30 minutes later~
"ယံလေး ခေါင်းမူးနေလားဟင် ဘယ်လိုနေလဲ"
"သားသားရော"
မေးတာတစ်ခြား ဖြေတာကအမေးတစ်ခု ဖြစ်နေရော အင်းလေ ယံလေးကရော မစိုးရိမ်ပဲနေမလားနော်၊
"သားသားအိပ်နေတယ် ကလေးက တော်တော်လေးချစ်စရာကောင်းတယ်သိလား"
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...